Wednesday, July 30, 2014
အ.ထ.က(၂)မြိတ် ကျောင်းသား/သူဟောင်းများ: မြိတ်ပုလဲမြေ: မြိတ်မြို့နယ် ပန်းချီအစည်းအရုံးဝင် ပ...
အ.ထ.က(၂)မြိတ် ကျောင်းသား/သူဟောင်းများ: မြိတ်ပုလဲမြေ: မြိတ်မြို့နယ် ပန်းချီအစည်းအရုံးဝင် ပ...: မြိတ်ပုလဲမြေ: မြိတ်မြို့နယ် ပန်းချီအစည်းအရုံးဝင် ပန်းချီဆရာ မောင... : မြိတ်မြို့ နယ် ပန်းချီပန်းပု အစည်းအရုံး မြိတ်မြို့  နယ် ပန်းချီအစ...
မြိတ်ပုလဲမြေ: မြိတ်မြို့နယ် ပန်းချီအစည်းအရုံးဝင် ပန်းချီဆရာ မောင...
မြိတ်ပုလဲမြေ: မြိတ်မြို့နယ် ပန်းချီအစည်းအရုံးဝင် ပန်းချီဆရာ မောင...: မြိတ်မြို့ နယ် ပန်းချီပန်းပု အစည်းအရုံး မြိတ်မြို့  နယ် ပန်းချီအစည်းအရုံးမှ မြိတ်သိမ်တော်ကြီး တွင် ခင်းကျင်းပြသမည့် မှတ်တမ်း...

Sunday, July 27, 2014
မြိတ် အ.ထ.က(၂) ပူဇော်ခံဆရာကြီး ဦးဦးမြင့် ကွယ်လွန် အနိစ္စရောက် ----
မြိတ်မြို့၊ အ.ထ.က(၂)ကျောင်း တွင် ပညာသင်ကြားပေးခဲ့ သော ဆရာကြီး ၊ လက်ရှိ နှစ်စဉ် ပူဇော်ခံ တက်ရောက်နိုင်သော ကန်တော့ခံ ဆရာကြီး ဦးဦးမြင့် (အငြိမ်းစား တိုင်းပညာရေးမှူး) သည်။
26.7.2014 ရက်နေ့ ၊ည (11း00) နာရီးတွင် ကွယ်လွန်အနိစ္စရောက် သွားပါသဖြစ်၊
28.7.2014 ရက်နေ့၊ တနင်္လာနေ့ ၊ မွန်းတည့် (၁)နာရီ အချိန်တွင် ပို့ဆောင်မည်ဖြစ်ပါသောကြောင့်
ဆရာကြီး ဦးဦးမြင့် ၏ အသုဘအခမ်းအနားကို ပို့ဆောင်ပေးကြပါရန် ၊ အထ.က(၂)ကျောင်းသား/ကျောင်းသူဟောင်းများအား အသိပေးနိုးဆော်ယင်းနှင့် လိုက်ပါပို့ဆောင်နိုင်ရန် နှိုးဆော်အပ်ပါသည်။
ဆရာကြီးကောင်းသော ဘုံဘ၀ရောက်ရှိပါစေသော်-------
အ.ထ.က(၂)ကျောင်းသား/သူဟောင်းများ
ကော်မတီ၊ မြိတ်မြို့။
Friday, June 6, 2014
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ထူးခြားသောကျောင်းသားတစ်ယောက်
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ထူးခြားသောကျောင်းသားတစ်ယောက်၏
ကြိုးစားအားထုတ်မှု က နောင်လာ ကျောင်းသားများ အတွက် အတုယူသဖွင့်အဖြစ်တင်ပြလိုက်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊
မြိတ်ခရိုင်၊ပနာတောင်ရွာနေ အဘ(ဦးချစ်ကြည်)+ဒေါ်ခင်မူ တို့၏ မွေးချင်း (၆)ယောက်အနက်၊ ဒုတိယသားဖြစ်သော မောင်အောင်မင်းသူ
(၃-ဘာသာဂုဏ်ထူးရှင်) ကျောင်းသားသည်။ ဆင်းရဲသော မိဘ မှ မွေးဖွားလာသဖြင့် ငယ်စဉ်ကတည်းကပင်
ပညာကို သူငယ်ချင်းကျောင်းသားများနည်းတူ မသင်ကြားနိုင်ခဲ့ပါ သို့သော်လည်း မောင်အောင်မင်းသူ
သည် အပတ်တကုတ် ကျိုးစားခဲ့သဖြင့် အမှတ်(၂)မြိတ်၊ အထက်တန်းကျောင်းတွင် ဒသမတန်းကျောင်းသားတစ်ဦးအဖြင့်
(B) ခန်း၊ အတန်းပိုင် ဆရာမ ဒေါ်သန်းသန်းချိုး၏
သွန်သင်မှုအောင်တွင် ရိုကျိုးစားဖြင့် ပညာကို ကြိုးစားလားခဲ့သည်။
ငွေကြေးမတတ်နိုင်သဖြင့် အတန်းတူဖေါ် များနည်းတူ ပြင်ပ ကျူရှင်များမတက်နိုင်
ခဲ့ပါ သို့သော်လည်း သူ၏ ကြိုးစားအားထုတ်မှုဖြင့် ဒီနေ့ဆိုလျှင် ၃-ဘာသာဂုဏ်ထူးရှင်ဖြစ်လာခဲ့ပါသည်။
2013 -2014 ပညာသင်နှစ် အောင်မြင်သူများ
အ.ထ.က(၂)မြိတ်၊ကျောင်းမှတက္ကသိုလ်ဝင်တန်းအောင်မြင့်ခဲ့သောကျောင်းသားများ
2013 -2014
ပညာသင်နှစ် တွင် အ.ထ.က(၂)ကျောင်းမှ
အောင်မြင့်ခဲ့သောကျောင်းသားများ
ကို ဒီပို့စ် မှ
မှတ်တမ်းတင်ပေးလိုက်ပါသည်။
အ.ထ.က(၂)မြိတ် တွင် ၂၀၁၄-ခုနှစ်တွင် အောင်စာရင်း
---------------------------------------------------------------------------
ဂုဏ်ထူး ဦးရေ
---------------------------------------------------------------------------
၁ ဘာသာ ၅၃
ဦး
၂ ဘာသာ ၅
ဦး
၃ ဘာသာ ၎
ဦး
၎ ဘာသာ ၈
ဦး
-----------------------------------------------------------------------------
ဘောဂဗေဒ ၅၅ ဦး
သင်္ချာ ၁၄
ဦး
ဓာတုဗေဒ ၉ ဦး
ရူပဗေဒ ၁၉
ဦး
ဇီဝဗေဒ ၁၀ ဦး
၎-ဘာသာဂုဏ်ထူးရှင်များဖြစ်ကြသော
မဖူးရင် (သင်္ချာ၊ဓာတု၊ရှုပ၊ဇီဝ)
မယမင်းသူ (သင်္ချာ၊ဓာတု၊ရူပ၊ဘောဂ)
မအေးသဇင်စိုး (သင်္ချာ၊ဓာတု၊ရှုပ၊ဇီဝ)
အဆုလင်းပန် (သင်္ချာ၊ဓာတု၊ရှုပ၊ဇီဝ)
မောင်ဇော်ဝေထက် ((သင်္ချာ၊ဓာတု၊ရှုပ၊ဇီဝ)
မောင်ဇွဲမြင့်မိုထက် (သင်္ချာ၊ဓာတု၊ရှုပ၊ဇီဝ)
မောင်ဥာဏ်ထိန်လင်း (သင်္ချာ၊ဓာတု၊ရှုပ၊ဘောဂ)
မောင်စစ်နိုင်မင်း (သင်္ချာ၊ဓာတု၊ရှုပ၊ဇီဝ)
၃-ဘာသာဂုဏ်ထူးရှင်များဖြစ်ကြသော
မောင်သန့်ငြိမ်းအောင် (သင်္ချာ၊ရူပ၊ဇီဝ)
မောင်စိုးမင်းထွေး (သင်္ချာ၊ဓာတု၊ဘောဂ)
မောင်ဇင်မင်းထွေး (သင်္ချာ၊ရူပ၊ဇီဝ)
မောင်အောင်မင်းသူ (သင်္ချာ၊ရူပ၊ဘောဂ)
------------------------------------------------------------------------------------------
ဂုဏ်ထူးရှင် - ၇၀ ဦး ကိုမွေးထုတ်ပေးနိုင်ခဲ့ပါသည်။
------------------------------------------------------------------------------
အတွဲ ကျား မ ပေါင်း အောင်%
-------------------------------------------------------------------------------
အတွဲ(၇) ၈ ၂၃ ၃၁ ၇၇.၅%
အတွဲ(၁) ၆၆ ၈၆ ၁၅၂ ၃၅.၁၀%
အတွဲ(၂) ၁ - ၁ ၀.၀၂%
၇၅ ၁၀၉ ၁၈၄ ၃၅.၁၈%
-----------------------------------------------------------------------------------
အတွဲ(၇) ရှိ ပျက် ဖြေ အောင် အောင်%
အတွဲ(၇) ၄၁ ၁ ၄၀ ၃၁ ၇၇.၅%
အတွဲ(၁) ၄၄၃ ၁၀ ၄၃၃ ၁၅၂ ၃၅.၁၀%
အတွဲ(၂) ၅၀ - ၅၀ ၁ ၀.၀၂%
ကျောင်းအုပ်ဆရာမဒေါ်ထူးရွှေ နှင့်
ဆရာ/ဆရာမများ အောင်ပန်းဆင်ကျောင်းသား/သူများအားလုံးကို
အ.ထ.က(၂) ကျောင်းသား/သူဟောင်းများ မှ
ဝမ်းသားဂုဏ်ယူတင်ပြအပ်ပါသည်။
အ.ထ.က(၂)မြိတ်
ကျောင်းသား/သူဟောင်းများအဖွဲ့
www.behs2myeik.blogspot.com
ပညာရေး ၀န်ကြီးဌာနက ရာထူးတိုး၊ ပြောင်းရွှေ့မူဝါဒကို ဆရာ၊ ဆရာမများသို့ ပထမဆုံးအကြိမ် အသိပေး
ပညာရေး ၀န်ကြီးဌာနက ရာထူးတိုး၊ ပြောင်းရွှေ့မူဝါဒကို ဆရာ၊ ဆရာမများသို့ ပထမဆုံးအကြိမ် အသိပေး
6 June 2014 09:18(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)
တက္ကသိုလ်၊ ကောလိပ်၊ ဒီ ဂရီကောလိပ်များရှိ ဆရာ၊ ဆရာမ များ၏ နေရာအပြောင်းအရွှေ့ နှင့် ရာထူးတိုးအတွက် အငြင်း ပွားမှုများဖြစ်ပေါ်နေပြီးနောက် ရာထူးတိုး ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒများကို ဆရာ၊ ဆရာမများ အား အသိပေးရှင်းလင်းကြောင်း အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်)က အ ကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ပါမောက္ခ၊ တွဲဖက်ပါမော က္ခ၊ ကထိကနှင့် အောက်ရာထူး များအတွက် ရာထူးတိုးပြောင်း ရွှေ့မှုဆိုင်ရာမူဝါဒများကို ဆရာ၊ ဆရာမများအား ပြသခဲ့ပြီး သ ဘောထားမှတ်ချက်များ တောင်းခံနေကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများက ပြောသည်။
‘‘အရင်က ဆရာ၊ ဆရာမ တွေ ရာထူးတိုးနဲ့ နေရာအပြောင်း အရွှေ့အတွက် တစ်ခါမှ ဒီလိုချ ပြတာမရှိသေးဘူး။ အခုမူဝါဒတွေဝေပြီးတော့ သဘောထားဆန္ဒ တွေ တောင်းခံနေတယ်။ ပြီးတဲ့ ကျောင်းတွေကို ဖက်စ်အမြန်ပို့ ခိုင်းနေတယ်တဲ့’’ဟု ဒဂုံတက္က သိုလ်ဆရာ၊ ဆရာမများအသင်းမှ ဆရာတစ်ဦးကဆိုသည်။
တက္ကသိုလ်ဆရာ၊ ဆရာမ များ၏ ရာထူးတိုးနှင့် နေရာ ပြောင်းရွှေ့သော ကြေညာချက် သတ်မှတ်ချိန်တွင် ထွက်ပေါ်လာ ခြင်းမရှိသောကြောင့် ဆရာ၊ ဆရာမများ၏ မကျေနပ်မှုကြီး ထွားနေချိန်၌ မူဝါဒထွက်ရှိလာ ပြီး သဘောထားဆန္ဒများ အလျင်အမြန် တောင်းခံနေခြင်းဖြစ် သည်။
‘‘တန်းစီဇယားရေးဆွဲရေးမူ မှာ သုတေသနလုပ်ဆောင်မှုနဲ့ အရည်အချင်းကို ထည့်သွင်းစဉ်း စားဖို့ အကြံပြုထားတယ်။ လုပ် သက်တွေပဲ ကြည့်နေရင် ဘာအ ရည်အချင်းမှ မရှိဘဲ အိပ်စောင့် နေရင်း ပါမောက္ခဖြစ်လာမှာပေါ့။ ရာထူးတိုးတွေမှာ ပါမောက္ခရဲ့ ထောက်ခံအမှတ်ပေးခိုင်းတာကို သဘောမကျဘူး။ ဘက်လိုက်မှု တွေများတယ်။ အဲ့ဒီအစား ရာထူး တိုးမယ့်သူရဲ့ ကိုယ်ပိုင်အရည် အချင်းတစ်ခုချင်းစီ အပေါ်မှာ အမှတ် သတ်မှတ်ပေးစေချင် တယ်’’ဟု ရေနံချောင်းဒီဂရီကော လိပ်မှ ဆရာမတစ်ဦးက ပြော ကြားသည်။
တက္ကသိုလ် ဆရာ၊ ဆရာမ များအတွက် ရာထူးတိုးပြောင်း ရွှေ့မှုဆိုင်ရာမူဝါဒများကို တစ် ကြိမ်တစ်ခါမှ ချပြဖူးခြင်းမရှိဘဲ ပထမဆုံးအကြိမ်ချပြခဲ့ပြီးနောက် တက္ကသိုလ်ဆရာ၊ ဆရာမများ အသိုင်းအ၀ိုင်းတွင် ဝေဖန်ပြော ဆိုမှုများ ပြင်းထန်နေကြောင်း သိရသည်။
‘‘၀န်ထမ်းဆိုတာ နယ်ပြောင်းရမယ်ဆိုတာ မှန်တယ်။ ဒါပေ မဲ့ နယ်တွေမှာ သူ့ရာထူးနဲ့ ကိုက်ညီတဲ့ နေရာထိုင်ခင်းပေးဖို့ တော့ လိုလိမ့်မယ်။ အခုက နယ်မှာ ရဲဘော်လိုင်းခန်းထက် စုတ်ပြတ်တဲ့ နေရာမျိုးပေးတာ။ ထမင်း၊ ဟင်းချက်စရာနေရာမရှိ လို့ အပြင်ဘက် ကော်ရစ်ဒါမှာ တန်းစီပြီးထွက်ချက်ကြရတာ။ ဒါ တွေကြောင့် ဆရာ၊ ဆရာမ တွေ နယ်မပြောင်းချင်ကြတာပါ။ ၀န် ထမ်းဖြစ်ပြီး မြို့ပေါ်မှာပဲ နှပ်ချင် ကြတာ မဟုတ်ပါဘူး’’ဟု နယ်မြို့ တစ်မြို့တွင် တာဝန်ကျနေ သော ဆရာမတစ်ဦးကပြောသည်။
ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်၊ ကောလိပ်များသို့ ဆရာ၊ ဆရာမများ ပြောင်းရွှေ့ ရပါက အနည်းဆုံးတာဝန်ထမ်း ကာလအနေဖြင့် ရန်ကန်နယ်မြေ တက္ကသိုလ်များ၊ မန္တလေးနယ်မြေ တက္ကသိုလ်များ၊ ပြည်တက္ကသိုလ် နှင့် ပဲခူးတက္ကသိုလ်တို့အတွက် သုံးနှစ်၊ အခြားတက္ကသိုလ်၊ ကော လိပ် ၁၇ ခုအတွက် ၂ နှစ်နှင့် စစ် တွေ၊ မြစ်ကြီးနား၊ တောင်ကုတ် စသည့် ဝေးလံသော ဒေသများမှာ တက္ကသိုလ် ၁၁ ခုအတွက် တစ် နှစ်သတ်မှတ်ထားသည်။
Author: နေလင်းထွန်း
7Day Daily
Thursday, June 5, 2014
Monday, June 2, 2014
အ.ထ.က (၂) မြိတ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းးအနားကျင်းပပြုလုပ်ခြင်း
၂၉
-၅ -၂၀၁၄ နေ့ ၊ နံနက် ( ၉း၀၀)တွင် ကျင်းပပြုလုပ်သော ကျောင်းအပ်နှံရေး နေ့ အခမ်းအနားတွင်
တက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူး ၊ခရိုင်ပညာရေးမှူး ဦးကြည်သန်း နှင့် ဆရာ/ဆရာမများ၊
တာဝန်ရှိ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားသူ/ဟောင်းများမှ ဦးမင်းလွင်ဦး
တို့က အခမ်းအနားကိုတက်ရောက်ကြပါသည်။
အခမ်းအနားတွင် အ.ထ.က(၂) မြိတ်၊ ကျောင်းသား /ကျောင်းသူ
ဟောင်း များ ကိုယ်စား ဦးမင်းလွင်ဦး မှ မိခင်ကျောင်းကြီးအား အထောက်အပံ့ ရစေခြင်းငှါ
စာရေး ၊ စားပွဲ များ နှင့် ဗလာစာအုပ် များကိုအသုံးပြုနိုင်ရန်အတွက် အလှူငွေ ငွေသား
(၂၀၀၀၀၀) သိန်းနှင့် ဗလာစာအုပ် ၈၆ ဒါဇင် ကို ပညာဒါန ပေး အပ်လှူဒါန်ခဲ့ပါသည်။
အခမ်းအနားတွင်
တက်ရောက်လာကြသော မိဘပြည်သူများက အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသဖြင့် ရရှိသည့် ငွေပမာဏမှာ
စုစုပေါင်း (၁၃)သိန်း(၇)သောင်း ရရှိခဲ့ပါသည်။
တက်ရောက်လာကြသော
တာဝန်ရှိဌာနဆိုင်ရာများနှင့် မိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း အခမ်းအနားမှူးက
ပြောကြားယင်း နံနက်(၁၀) နာရီတွင် အခမ်းအနားကျင်ပပြီးစီးခဲ့ပါသည်။
♦♦♦♦ မိခင်ကျောင်းကြီးအတွက် ကျောင်းသာူး/သူဟောင်းများမှလှူဒါန်းသော
အလှူရှင်များမှာ ♦♦♦♦
၁။ သြစတြေးလျှ မှ (ဆရာ ကနေဒီ ) +ဒေါ်စောစောမြင့်
မိသားစု မှ ငွေ ၅၀၀၀၀/ိ ကျပ်
၂။ သြစတြေးလျှ မှ မသူဇာမြင့် မိသားစု မှ ငွေ ၅၀၀၀၀ိ/ကျပ်
၃။ ရန်ကုန်မြို့ မှ မယုယုခင် ၊ မဝင်းယု ၊ မအေးချိုမြင့် (နန်းရတနာလှိုင်ပုလဲရတနာဆိုင်) မှ ငွေ ၁၀၀၀၀၀ိ/ကျပ်
၎။ ကိုမောင်ထွေး + မဇင်မာမြင့် မှ ဗလာစာအုပ် ၂၀ ဒါဇင်
၅ ။ဦးသွင်စိန်+ ဦးစိုးရီ +ဦးစိန်မောင်+ ဦးကျော်ဝင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ မှ ဗလာစာအုပ် ၁၅ ဒါဇင်
၆။ ကိုဝင်းခိုင် မှ ဗလာစာအုပ် ၁၀ ဒါဇင်
၇။ ကိုမင်းလွင်ဦး+ မအေးအေးမော် (နန်းဆန်သူ)ရောင်းဝယ်ရေးမှ ဗလာစာအုပ် ၅ ဒါဇင်
၈။ ကိုမင်းအောင်မိုး မယုယုခင် (နန်းရတာလှိုင်ပုလဲရတနာဆိုင်) မှ ဗလာစာအုပ် ၅ ဒါဇင်
၉။ ဦးစိန်မင်း (မြိတ်တောင်အုပ်ချုပ်ရေးမှူး)+ဒေါ်စန္ဒာဝင်း မှ ဗလာစာအုပ် ၅ ဒါဇင်
၁၀။ ဦးဆန်းဇော်ဦး +ဒေါ်ခင်ညိုထွေး (စက်ဝင်း) မှ ဗလာစာအုပ် ၅ ဒါဇင်
၁၁။ ဦးစန်းယု + ဒေါ်နွယ်နွယ်ဝေ (ပါရမီ-၁) မှ ဗလာစာအုပ် ၅ ဒါဇင်
၁၂။ မမိုးသီတာ ရန်ကုန်မြို့ မှ ဗလာစာအုပ် ၅ ဒါဇင်
၁၃။ ဦးသန်းလှိုင်ဦး (အဆာင်ကောင်းကုပ္မဏီ) မှ ဗလာစာအုပ် ၃ ဒါဇင်
၁၄။ (ဦးဆင်မောင်)+ဒေါ်မြင့်မြင့်သန်း မှ ဗလာစာအုပ် ၃ ဒါဇင်

၁၅။ ဦးမျိုးသန့်စင် (Sky Blue )စားသောက်ဆိုင်၊စက်ဝင်း
မှ ဗလာစာအုပ် ၅ဒါဇင်
အသိသိကို
လက်ခံရရှိလှူဒါန်းခဲ့ပါသည်။
ပညာ ဒါန ပေးအပ်လှူဒါန်း ခြင်း အပေါ်ကျေးဇူးတင်စွာဖြင့်လက်ခံရရှိ ပြီး၊ ချို့တဲ့ ကျောင်းသား များအား တစ်နှစ်ပတ်လုံး လှူဒါန်း သွားမည်ဖြစ်ပါ၍ ထပ်မံလှူဒါန်းနိုင်ပါကြောင်းနိုးဆော်အသိပေးအပ်ပါသည်။
ပညာ ဒါန ပေးအပ်လှူဒါန်း ခြင်း အပေါ်ကျေးဇူးတင်စွာဖြင့်လက်ခံရရှိ ပြီး၊ ချို့တဲ့ ကျောင်းသား များအား တစ်နှစ်ပတ်လုံး လှူဒါန်း သွားမည်ဖြစ်ပါ၍ ထပ်မံလှူဒါန်းနိုင်ပါကြောင်းနိုးဆော်အသိပေးအပ်ပါသည်။
အ.ထ.က(၂)
ကျောင်းသား/ကျောင်းသူဟောင်းများ
ကော်မတီ၊မြိတ်မြို့
www.behs2myeik.blogspot.com
သို့လာရောက် လည်ပတ်ကြပါရန် ၊ ဖိတ်ခေါ်အပ်ပါသည်။
Thursday, May 29, 2014
နှစ်စဉ် ပြုလုပ်လှူဒါန်းမြဲ ဖြစ်သော အလှူဒါန ကို ဒီနှစ်(2014)တွင်လည်းပါဝင်လှူဒါန်းနိုင်ပါပြီ။
----- အ.ထ.က(၂) မြိတ်ကျောင်းသား/ကျောင်းသူဟောင်းများသို့ ------
နှစ်စဉ် ပြုလုပ်လှူဒါန်းမြဲ ဖြစ်သော အလှူဒါန ကို ဒီနှစ်(2014)တွင်လည်းပါဝင်လှူဒါန်းနိုင်ပါပြီ။
အ.ထ.က(၂) မြိတ် ကျောင်းကြီးတွင် ပညာသင်ကြားလျက်ရှိသော ချို့တဲ့ကျောင်းသားများအား သင်ထောက်ကူပြု ရစေခြင်းငှာ (၂၉ - ၅ - ၂၀၁၄) ကြာသပတေးနေ့ တွင်ပြုလုပ်မည့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား တွင် ကျောင်းသုံး ဗလာ စာအုပ်များ၊ ခဲတံများ ၊စာရေး ကိရိယာများ ပါဝင်လှူဒါန်း မည်ဖြစ်ပါသောကြောင့် ၊ အ.ထ.က(၂)ကျောင်းသား/ကျောင်းသူများအား အသိပေးနိုးဆော်အပ်ပါသည်။ ကျောင်းသား/ကျောင်းသူဟောင်းများမှ မည့်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ပါမည်။
♦♦♦♦ ရရှိပြီးအလှူရှင်များ စာရင်း♦♦♦♦♦♦
၁ ။ ဦးမင်းလွင်ဦး + ဒေါ်အေးအေးမော် (ပါရမီ(၁)ရပ်) နန်းဆန်းသူ မှ ဗလာစာအုပ် ၅- ဒါဇင်
၂။ ဦးမင်းအောင်မိုး + ဒေါ်ယုယုခင် ( မြို့သစ်) နန်းရတနာလှိုင်ရွှေဆိုင်မှ ဗလာစာအုပ် ၅-ဒါဇင်
၃။ ဦးစိန်မင်း + ဒေါ်စန္ဒာဝင်း (မြို့သစ်) မှ ဗလာစာအုပ် ၅ ဒါဇင်
၎။ ကိုမောင်ထွေးဝေ+ မဇင်မာမြင့် (ok ဆန်ရောင်းဝယ်ရေး) မှ
ဗလာစာအုပ် ၂၀ဒါဇင် နှင့် ခဲတံ ၁ ပုံး
၎။ ဆရာကနေဒီ +ဒေါ်စောစောမြင့် ခေတ္တ( သြစတေးလျ) မှ ငွေ ငါးသောင်း ကျပ်
၅။ မသူဇာမြင့် Theresa Kennedy ခေတ္တ (သြစတေးလျ )မှ ငွေ ငါးသောင်း ကျပ်
၆။ ဦးဆန်းဇော်ဦး + ဒေါ်ခင်ညိုထွေး (စက်ဝင်းရပ်) ဗလာစာအုပ် ၅ ဒါဇင်
ရ။ ဦးသန်းလှိုင်ဦး + ဒေါ်နွယ်နွယ်ဝင်း ဗလာစာအုပ် ၃ ဒါဇင်
ဂ။ကျောင်းသားဟောင်း( ဦးဆင်မောင်)+ ဒေါ်မြင့်မြင့်သန်း ဗလာစာအုပ် ၃ ဒါဇင်
၉။ မယုယုခင် ၊ မဝင်းယု ၊ မအေးချိုမြင့် ရန်ကုန်မြို့၊ ကျောင်းသုံးစာရေးခုံ အတွက် ၁သိန်းကျပ်
၁၀။ ကိုဝင်းခိုင် ဗလာစာအုပ် ၁၀ ဒါဇင်
၁၁။ ကိုဖိုးသန့် skyblue စားသောက်ဆိုင် (စက်ဝင်း) မှ ဗလာစာအုပ် ၁၀ ဒါဇင်
၁၂။ ကျောင်းအကျိုးတော်ဆောင်အဖွဲ မှ ဗလာစာအုပ် ၁၅ ဒါဇင်
၁၃။ ကိုစန်းယု +မနွယ်နွယ်ဝေ(ပါရမီ) မှ ဗလာစာအုပ် ၅ ဒါဇင်
၁၄ ။ မမိုးသီတာ ရန်ကုန်မြို့ မှ ဗလာစာအုပ် ၅ ဒါဇင်
အ.ထ.က(၂) ကျောင်းသားသူ/ဟောင်းများကော်မတီ
အတွင်းရေးမှူး (ဦးမင်းလွင်ဦး)
Ph:0949871616 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
Sunday, April 13, 2014
မြိတ်မြို့ သင်္ကြန်အကျနေ့ မြင်ကွင်းများ
မြိတ်မြို့တွင် သင်္ကြန်အကျနေ့၌ ပြည်သူုများမှ အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိ
( မြိတ် ဧပြီ ၁၄ ရက် )
၁၃၇၅ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မြိတ်မြို့၌
အေးချမ်း ပျော်ရွင်စွာ ရေကစားလျက်ရှိသည်။ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ပြည်သူများမှ မြူးမြူးကြွကြွ သင်္ကြန်တေး သီးချင်းဖွင့်ကြပြီး ရေကစား မဏ္ဍပ်များတွင် အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိကြပြီး သင်္ကြန်ချစ်သူ ပြည်သူ များမှလည်း မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် ရေပက်ခံထွက်ကြရာ ကျိတ်ကျိတ် တိုးစည်ကား လျက်ရှိသည်။

အလားတူ
မြိတ်မြို့၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့်
ကမ်းရိုးတန်းမဏ္ဍပ်တို့တွင် သင်္ကြန်တေးသီချင်းများ၊
ခေတ်ပေါ်တေးသီချင်းများဖြင့်
မြူးမြူးကြွကြွသီဆိုဖျော်ဖြေလျက်ရှိကြပြီး သင်္ကြန်ယိမ်း အကအဖွဲ့များက ယိမ်းအက အလှများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိကြရာ ပြည်သူများမှ စည်ကားသိုက်မြိုက် စွာဖြင့် ကြည့်ရှုအားပေးလျက်ရှိကြရာ ၁၃၇၅ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန် အကျနေ့တွင် မြိတ်မြို့၌ ပြည်သူုများမှ အေးချမ်းပျော်ရွှင်လျက်ရှိကြကြောင်း သတင်းရရှိသည်။

Subscribe to:
Posts (Atom)