Monday, December 17, 2012

အမှတ်(၂)ကျောင်းသား/သူဟောင်းများ၏မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုအတည်ပြုသတ်မှတ်ခြင်း။


အမှတ်(၂)ကျောင်းသား/သူဟောင်းများ၏မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုအတည်ပြုသတ်မှတ်ခြင်း။

(16.12.2012) နေ့လည်(၁)နာရီအစည်းအဝေးတွင် ကျောင်းသား/ကျောင်းသူဟောင်းများ၏အတည်ပြုဆုံးဖြတ်ချက်အရ
မြတ်ဆရာပူဇော်ပွဲကို အချိန်သတ်မှတ်ခဲ့ကြောင်းသတင်းရရှိပါသည်။

ပူဇော်ပွဲအတွက်အလှူကောက်ခံခြင်းကို (20.12.2012) နံနက်(၈)နာရီအချိန်မှစတင်၍ မြို့လှည့်အလှူငွေကောက်ခံပါမည်ဖြစ်ပါကြောင်း နှင့် ကျောင်းသား/ကျောင်းသူဟောင်းများမှ အသိပေးနိုးဆော်ထားကြောင်းကိုသတင်းရရှိပါတယ်။
အခမ်းနားကို (6.1.2012)တနင်္ဂနွေနေ့ နေ့လည်(၁)ရီတွင် ကျောင်းသား/သူဟောင်းများမှ လှူဒါန်းထားသော ကျောင်းရှေ့မုဒ်ပေါက် ဖွင့်ပွဲ့အခမ်းအနားကို ပြုလုပ်မည်ဖြစ်ပါ၍ ကျောင်းသားဟောင်းများမှ စုံညီစွာ တက်ရောက်ပါရန် အသိပေးနိုးဆော်အကြောင်းကြားပါတယ်။

ဆရာကန်တော့ပွဲအခမ်းအနားကို ၄င်းနေ့ နေ့လည် (၂)နာရီတွင် စတင်ပြီး ဆက်လက်၍ ကံစမ်းမဲနှင့် ညစာစားပွဲကို ည(၉)နာရီအထိ ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။
ကန်တော့ပွဲအခမ်းအနားအတွက် ကျောင်းအတွင်းခင်းကျင်းရောင်းချပေးသွားပါမည်။

ကျောင်းသား/ကျောင်းသူဟောင်းများနှင့် အဝေးရောက်ကျောင်းသားကျောင်းသူဟောင်းများအားလုံးတက်ရောက်ကျပါရန် ဖိတ်ကြားအပ်ပါသည်။

ကန်တော့ပွဲဖြစ်မြောက်ရေးကော်မတီ
အ.ထ.က(၂)ကျောင်းသား/ကျောင်းသူဟောင်းများ
မြိတ်မြို့။

4 comments:

  1. (12)ကြိမ်မြောက်ကံစမ်းမဲဆုရှင်ကတော့

    ကျောင်းသါးဟောင်းကြီးကိုသန်းဇော်ဖြစ်ပါတယ်
    ခင်ဗျား.......နောက်တစ်ယောက်ကတော့?

    ReplyDelete
  2. နောက်တစ်ယောက်ကတော့ စင်မြင့်ထက်မှ အဆုရွေးချယ် နေပါတယ်ခင်ဗျား

    ReplyDelete
  3. ကိုမင်းလွင်ဦး တစ်ယောက် သမ္မတအိုဘားမားနှင့် တွေ့ဆုံနေပါသဖြင့် အစည်းအဝေးမတက်ရောက်နိုင်ပါသဖြင့် ကျောင်းသားဟောင်းများခွင့်လွတ်ပေးပါရန် ---------

    ReplyDelete
  4. မမလေးတင်တင်မိုးညီနှမအဖွဲ့ကလည်းယနေ့ပြုလုပ်သော(အနားသတ်အစည်းအဝေး)ကိုတက်
    ရောက်ကြောင်းသိရှိရပါသည်။ (30.12.2012)

    ReplyDelete