Tuesday, October 21, 2014

တစ်ဆယ်လေးကြိမ်မြောက်ခဲ့ပြီ လက်တွဲကြစို့ သူငယ်ချင်းတို့

---- တစ်ဆယ်လေးကြိမ်မြောက်ခဲ့ပြီ လက်တွဲကြစို့ သူငယ်ချင်းတို့ ------

ဆရာ့စေတနာ သတိရသူတိုင်း
ဝိုင်းဝန်းစုစည်း လက်တွဲပြီးလျှင်
ဆင်နွဲခဲ့တာ မြတ်ပူဇာကို
ကြိမ်ခါရေကောက် တစ်ဆယ်လေးကြိမ်မြောက်ခဲ့ပြီ-----

သူငယ်ချင်း ----
မင်းလည်းခုခါ ကြုံကြိုက်လာလျှင်
မြတ်ဆရာပူဇော်ပွဲ တူယှဉ်နွဲဘို့
လက်ကမ်းဆင့်ကာ ကြိုဆိုပါသည်
တစ်ချိန်မှာတို့တတွေ အိုကြလေသော်---
ဆရာ့ကျေးဇူး မဆပ်ဖူးလို့
စိတ်မှာနောင်တ မရကြဘို့
ခုကတဲက လက်တွဲကြမယ်
တွဲလက်ခိုင်မြဲ တည်စေသောဝ် ။ ။

No comments:

Post a Comment