Sunday, April 13, 2014

မြိတ်မြို့ သင်္ကြန်အကျနေ့ မြင်ကွင်းများ

မြိတ်မြို့တွင် သင်္ကြန်အကျနေ့၌ ပြည်သူုများမှ အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိ
( မြိတ် ဧပြီ ၁၄ ရက် )
၁၃၇၅ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မြိတ်မြို့၌
  အေးချမ်း ပျော်ရွင်စွာ ရေကစားလျက်ရှိသည်။ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ပြည်သူများမှ မြူးမြူးကြွကြွ သင်္ကြန်တေး သီးချင်းဖွင့်ကြပြီး ရေကစား မဏ္ဍပ်များတွင် အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိကြပြီး သင်္ကြန်ချစ်သူ ပြည်သူ များမှလည်း မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် ရေပက်ခံထွက်ကြရာ ကျိတ်ကျိတ် တိုးစည်ကား လျက်ရှိသည်။

အလားတူ မြိတ်မြို့၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် ကမ်းရိုးတန်းမဏ္ဍပ်တို့တွင် သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့်
မြူးမြူးကြွကြွသီဆိုဖျော်ဖြေလျက်ရှိကြပြီး သင်္ကြန်ယိမ်း အကအဖွဲ့များက ယိမ်းအက အလှများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိကြရာ ပြည်သူများမှ စည်ကားသိုက်မြိုက် စွာဖြင့် ကြည့်ရှုအားပေးလျက်ရှိကြရာ ၁၃၇၅ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန် အကျနေ့တွင် မြိတ်မြို့၌ ပြည်သူုများမှ အေးချမ်းပျော်ရွှင်လျက်ရှိကြကြောင်း သတင်းရရှိသည်။










No comments:

Post a Comment