Sunday, December 13, 2015

(၁၅)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး

(၁၅)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး
(13122015)ယနေ့၊မွန်းတည်း(၁)နာရီတွင်မြိတ်မြို့အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင်
မြတ်ဆရာပူဇော်ပွဲကျင်းပနိုင်ရေးအတွက်ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ကျောင်းသား/သူဟောင်း များ (၅၀)ခန့်တက်ရောက်ခဲ့ပါသည်။
ကျောင်းသားဟောင်း ကိုဆန်းဇော်ဦးမှ အခမ်းနားဖွင့်လှစ်ကြောင်းကြေငြာပေးခြင်း၊
အ.ထ.က(၂)မြိတ် ကျောင်းသား/သူဟောင်းများ၏ (၁၅)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီ မှ နာယက ဆရာဦးသွင်စိန်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ဆရာဦးသွင်စိန်မှ ယနေ့တက်ရောက်လာကြသော ကျောင်းသား/သူဟောင်းများ၏ ပူပေါင်းပါဝင်မှုများကို အားရမိကြောင်းနှင့် နောက်နောင်လည်း ယခုလို့အင်တိုက်အားတိုက် ပူပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
 ဘဏ္ဍာရေးမှူး ဒေါ်ကြည်ကြည်လတ် ကိုယ်စား၊ ကျောင်းသား/သူဟောင်းများအဖွဲ့ အတွင်းရေးမှူး မှ ထပ်ဆင့် ရှင်းလင်းခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊
            (၁၅)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးအတွက် သြစတေးလျ မှ မသူဇာမြင့် အလှူငွေ(၃သိန်း) ကို ကိုယ်စား ကျောင်းသူဟောင်း ဒေါ်နွယ်နွယ်ဝေ မှ ဆရားဦးသွင်စိန်သို့ လွဲအပ်ပေးခြင်း၊
            ယခုနှစ်ကျင်းပပြုလုပ်မည့် (၁၅)ကြိမ်မြောက်အခမ်းအနားကို (30.1.2015) မှ(31.1.2015) ရက်များကို ကျင်းပနိုင်ရေး အတည်ပြုရက်သတ်မှတ်ခဲ့ပါသည်။
ထိုနောက် မြတ်ဆရာပူဇော်ပွဲကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မှ နိဂုံးချုပ်စကား ပြောကြားခြင်းဖြစ် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အ.ထ.က(၂)မြိတ်
ကျောင်းသားသူ/ဟောင်းများအဖွဲ့
ပြန်ကြားရေးဆပ်ကော်မတီ

             








Saturday, December 12, 2015

့မြတ်ဆရာ


မြတ်ဆရာ

အပင်ငယ်သေး      တည့်မတ်ပေးကာ
နောင်အခါဖြောင့်ရန်       စိတ်ရည်သန်
ကလေးငယ်သေး      နည်းလမ်းပေးကာ
လူကြီးကောင်းရန်         စိတ်ရည်သန်
စာရိတ္တပြင်            ဘဝတစ်ခွင်မှာ
ခေါင်းဆောင်ကောင်းရန် စိတ်ရည်သန်
စေတနာဆောင်     မေတ္တာရောင်နှင့်
လွဲမိုက်ဆုံးမ      ပမာပြကာ
တော, တည့် ,မှန် ,စေ...
တပည့်တွေကို
ခြေကုန်သွန်လည်း    သင်ခဲ့ပေ။
ဘဝနေဝင်     မိုးချုပ်ခင်ထိ
စောင့်ကြည့်      နာဆင်
ဆရာ့ရင်ကို အပြင်ရောက်မှမြင်တော့သည်။
ဇရာပျက်ယို   ဆရာအိုအား
ငါတို့တတွေ မမေ့စေရန်
နှစ်စဉ်အမြဲ ကန်တော့ပွဲကို
ညီညာ ဖြဖြ ကျင်းပကြသည်
ပီတိ အပြုံး လှိုင်နိုင်စေ...
အပြစ်ရှိက ကျေပါစေ...။
ထိုထိုဂုဏ်အင် "ဆရာရှင်"ကို
အပြစ်အပေါင်း ရှိတန်ကောင်း၍
ဆယ်လီဦးခိုက် ပူဇော်ထိုက်မို့
အကန်တော့ခံပါ မြတ်ဆရာ။

Monday, December 7, 2015

------------      ဖိတ်ကြားလွှာ   ------------

နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော မြိတ်မြို့  ၊ အ.ထ.က(၂) ကျောင်းသား/ကျောင်းသူဟောင်းများ၏
(၁၅)ကြိမ်မြောက်-မြတ်ဆရာပူဇော်ပွဲ အား စည်းကာသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက်
ညှိနှိုင်းအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသဖြင့်  (မပျက်မကွက်) ကြွရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။




------- အစီအစဉ် -------

နေ့ရက် -------   (၁၃-၁၂-၂၀၁၅) တနင်္ဂနွေနေ့
အချိန်  --------   နေ့လည် (၁း၀၀)နာရီ
နေရာ ---------  အထက(၂)ခန်းမ၊မြိတ်မြို့။

မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ
အထက(၂)ကျောင်းသား/ကျောင်းသူဟောင်းများ

မြိတ်မြို့