Monday, June 2, 2014

အ.ထ.က (၂) မြိတ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းးအနားကျင်းပပြုလုပ်ခြင်း




၂၉ -၅ -၂၀၁၄ နေ့ ၊ နံနက် ( ၉း၀၀)တွင် ကျင်းပပြုလုပ်သော ကျောင်းအပ်နှံရေး နေ့ အခမ်းအနားတွင် တက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူး ၊ခရိုင်ပညာရေးမှူး ဦးကြည်သန်း နှင့် ဆရာ/ဆရာမများ၊ တာဝန်ရှိ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားသူ/ဟောင်းများမှ ဦးမင်းလွင်ဦး တို့က အခမ်းအနားကိုတက်ရောက်ကြပါသည်။
 အခမ်းအနားတွင် အ.ထ.က(၂) မြိတ်၊ ကျောင်းသား /ကျောင်းသူ ဟောင်း များ ကိုယ်စား ဦးမင်းလွင်ဦး မှ မိခင်ကျောင်းကြီးအား အထောက်အပံ့ ရစေခြင်းငှါ စာရေး ၊ စားပွဲ များ နှင့် ဗလာစာအုပ် များကိုအသုံးပြုနိုင်ရန်အတွက် အလှူငွေ ငွေသား (၂၀၀၀၀၀) သိန်းနှင့် ဗလာစာအုပ် ၈၆ ဒါဇင် ကို ပညာဒါန ပေး အပ်လှူဒါန်ခဲ့ပါသည်။
အခမ်းအနားတွင် တက်ရောက်လာကြသော မိဘပြည်သူများက အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသဖြင့် ရရှိသည့် ငွေပမာဏမှာ စုစုပေါင်း (၁၃)သိန်း(၇)သောင်း ရရှိခဲ့ပါသည်။
တက်ရောက်လာကြသော တာဝန်ရှိဌာနဆိုင်ရာများနှင့် မိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း အခမ်းအနားမှူးက ပြောကြားယင်း နံနက်(၁၀) နာရီတွင် အခမ်းအနားကျင်ပပြီးစီးခဲ့ပါသည်။


♦♦♦♦  မိခင်ကျောင်းကြီးအတွက် ကျောင်းသာူး/သူဟောင်းများမှလှူဒါန်းသော အလှူရှင်များမှာ ♦♦♦♦

၁။       သြစတြေးလျှ မှ (ဆရာ ကနေဒီ ) +ဒေါ်စောစောမြင့် မိသားစု မှ             ငွေ ၅၀၀၀၀/ိ ကျပ်
၂။       သြစတြေးလျှ မှ မသူဇာမြင့် မိသားစု  မှ                                        ငွေ ၅၀၀၀၀ိ/ကျပ်
၃။       ရန်ကုန်မြို့ မှ မယုယုခင် ၊ မဝင်းယု ၊ မအေးချိုမြင့် (နန်းရတနာလှိုင်ပုလဲရတနာဆိုင်) မှ ငွေ ၁၀၀၀၀၀ိ/ကျပ်
၎။       ကိုမောင်ထွေး + မဇင်မာမြင့်              မှ  ဗလာစာအုပ်  ၂၀ ဒါဇင်
        ။ဦးသွင်စိန်+ ဦးစိုးရီ +ဦးစိန်မောင်+ ဦးကျော်ဝင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ မှ ဗလာစာအုပ် ၁၅ ဒါဇင်
၆။       ကိုဝင်းခိုင် မှ                                                               ဗလာစာအုပ် ၁၀ ဒါဇင်
၇။       ကိုမင်းလွင်ဦး+ မအေးအေးမော် (နန်းဆန်သူ)ရောင်းဝယ်ရေးမှ       ဗလာစာအုပ် ၅ ဒါဇင်
၈။       ကိုမင်းအောင်မိုး မယုယုခင် (နန်းရတာလှိုင်ပုလဲရတနာဆိုင်) မှ      ဗလာစာအုပ် ၅ ဒါဇင်
၉။       ဦးစိန်မင်း (မြိတ်တောင်အုပ်ချုပ်ရေးမှူး)+ဒေါ်စန္ဒာဝင်း  မှ ဗလာစာအုပ်  ၅ ဒါဇင်
၁၀။     ဦးဆန်းဇော်ဦး +ဒေါ်ခင်ညိုထွေး (စက်ဝင်း)        မှ ဗလာစာအုပ် ၅ ဒါဇင်
၁၁။     ဦးစန်းယု + ဒေါ်နွယ်နွယ်ဝေ (ပါရမီ-၁)            မှ ဗလာစာအုပ် ၅ ဒါဇင်
၁၂။     မမိုးသီတာ ရန်ကုန်မြို့                                မှ ဗလာစာအုပ် ၅ ဒါဇင်
၁၃။     ဦးသန်းလှိုင်ဦး (အဆာင်ကောင်းကုပ္မဏီ)           မှ ဗလာစာအုပ် ၃ ဒါဇင်
၁၄။     (ဦးဆင်မောင်)+ဒေါ်မြင့်မြင့်သန်း                              မှ ဗလာစာအုပ် ၃ ဒါဇင်
၁၅။     ဦးမျိုးသန့်စင် (Sky Blue )စားသောက်ဆိုင်၊စက်ဝင်း မှ ဗလာစာအုပ် ၅ဒါဇင်
အသိသိကို လက်ခံရရှိလှူဒါန်းခဲ့ပါသည်။
ပညာ ဒါန ပေးအပ်လှူဒါန်း ခြင်း အပေါ်ကျေးဇူးတင်စွာဖြင့်လက်ခံရရှိ ပြီး၊ ချို့တဲ့ ကျောင်းသား များအား တစ်နှစ်ပတ်လုံး လှူဒါန်း သွားမည်ဖြစ်ပါ၍ ထပ်မံလှူဒါန်းနိုင်ပါကြောင်းနိုးဆော်အသိပေးအပ်ပါသည်။

အ.ထ.က(၂)
ကျောင်းသား/ကျောင်းသူဟောင်းများ
ကော်မတီ၊မြိတ်မြို့
သင့်အလှူငွေများ ထည့်ဝင်လိုပါက https://www.facebook.com/koko.gyee.9 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
www.behs2myeik.blogspot.com  သို့လာရောက် လည်ပတ်ကြပါရန် ၊ ဖိတ်ခေါ်အပ်ပါသည်။

No comments:

Post a Comment