Tuesday, November 26, 2013

(13)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ ဒုတိယအကြိမ် အစည်းအဝေးကျင်းပခြင်း



 




(13)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အစည်းအဝေးကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၁း၀၀) နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်
လုပ်ငန်းအကောင်းအထည်ဖေါ်ဆောင်နိုင်ရေး အခမ်းအနားကို ညှိနိုင်းအစည်းအဝေး
ပြုလုပ်ခဲ့ပြီးအစည်းအဝေးတွင်ဆရာ/ဆရာမများကိုကတော့နိုင်ရေး၊ အကျွေးအမွေးနှင့်စတိတ်ရိုးများပြုလုပ်နိုင်ရေးကို ကြိုတင်ညှိနိုင်းခဲ့ပါသည်။
အခမ်းအနားကို (12.1.2014)တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မိတ်ဆုံစားပွဲကျင်းပနိုင်ရေးအတွက် အလှူအငွေကောက်ခံခြင်းကို
(1.12.2013) တွင် ( Sponsors ) ကံစမ်းမဲကို ကောက်ခံပြီး၊အလှူငွေထည့်ဝင်နိုင်သော ကျောင်းသား/သူများအား ပါဝင်နိုင်ရေးကို ကျောင်းသား/သူဟောင်းများက မြို့လည့် အလှူခံပေးသွားမည်ဖြစ်ကြောင်းကို အသိပေးအပ်ပါသည်။
အခမ်းအနားတွင် ကံစမ်းမဲဖေါက်ပွဲနှင့် စင်တင်တေးဂီတအစီအစဉ်များပြုလုပ်ထားပါသဖြင့်
အဝေးရောက်ကျောင်းသား/သူများအားလုံးကို အခမ်းအနားပါဝင်တက်ရောက်ပါရန်လေးစားစွာဖြင့် အသိပေးဖိတ်ခေါ်အပ်ပါသည်။






Thursday, November 14, 2013

အ.ထ.က(၂)ကျောင်းတော်ကြီး မှ မြတ်ဆရာပူဇော်ပွဲ နီးလာပြီ

အ.ထ.က(၂)ကျောင်းတော်ကြီး မှ မြတ်ဆရာပူဇော်ပွဲ နီးလာပြီ 




အဝေးရောက်သူငယ်ချင်းများနှင့် ရပ်ဝေး/ရပ်နီး ကျောင်းသူ/ဟောင်းများ အပေါင်းတို့
နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော မြတ်ဆရာပူဇော်ပွဲ ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သောကြောင့်
သူငယ်ချင်းများအားလုံး သိရှိနိုင်ရန် တင်ပြပါသည်။

ကျင်းပမည့် အချိန် ---- 12-1-2014 တနင်္ဂနွေနေ့ ကို သတ်မှတ်ထားပါသဖြင့်

သူငယ်ချင်းများအားလုံးလာရောက်နိုင်ရန် အသိပေးနိုးဆော်လိုက်ပါတယ်။