Sunday, December 29, 2013

• အ.ထ.က (၂) မြိတ် (၁၃) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ လုပ်ငန်းတာဝန် အစည်းအဝေးကျင်းပခြင်း•

အ.ထ.က(၂) မြိတ် (၁၃) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲလုပ်ငန်းတာဝန် အစည်းအဝေးကျင်းပခြင်း



ကျောင်းသား/ကျောင်းသူဟောင်းများ၏ တာဝန်ကိုယ်စီ ခွဲယူထားကြသော လုပ်ငန်းအောင်မြင်မှု 
အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ နေ့လည် (၁း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ အ.ထ.က (၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား စတင်ရာတွင် ကျောင်းသား/ကျောင်းသူဟောင်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့်ပတ်သက်၍ များစွာပင် ကျေနပ်အားရမိပါကြောင်းကို နာယက ဦးသွင်စိန်မှ အမှာစကား ပြောကြားခဲ့ပါသည်။
ထိုနောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို စည်ကားသိုက်မြှိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်၊  အဝေးရောက် ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်နိုင်ရန်အတွက် စီစဉ်ထားကြောင်းမြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးမင်းလွင်ဦးမှ တင်ပြခဲ့ပါသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် မြတ်ဆရာပူဇော်ပွဲ၌ (အဝေးရောက် မပါ) ကန်တော့ခံယူမည့် ဆရာ/ဆရာမများကို ထပ်မံတိုးချဲ့ထားပြီး လုပ်သက် (၅)နှစ်နှင့် အထက် ပင်စင်စား ဆရာ/ဆရာမများကိုလည်း ကန်တော့ခံယူနိုင်စေရန်အတွက် စီစဉ်စာရင်းပြုစုနေပါသဖြင့် 
ကျောင်းသား/ကျောင်းသူဟောင်းများမှလည်း ပင်စင်စား ဆရာ/ဆရာမများနှင့်ပတ်သက်၍ ဆက်သွယ် စုံစမ်းပေးကြပါရန် အသိပေးနိုးဆော် တင်ပြခြင်းနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်စေရေး ပြုလုပ်ဆောင်ရွက်ချက်များကို တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ
အ.ထ.က (၂) မြိတ်၊ ကျောင်းသား/ကျောင်းသူဟောင်းများ

Thursday, December 26, 2013

ဖိတ်ကြားလွှာ

အ.ထ.က(၂)ကျောင်းသားကျောင်းသူဟောင်းများအားဖိတ်ခေါ်ခြင်း
နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော မြိတ်မြို့၊အ.ထ.က(၂)ကျောင်းသား/သူဟောင်းများ၏
(၁၃)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၏ အပြီးသတ် တာဝန်ခွဲဝေမှုညှိနှိုင်းအစည်းအဝေးကို အောက်ပါ
အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် (မပျက်မကွက်) ကြွရောက်ပေးပါရန် ဖိတ်ကြား
အပ်ပါသည်။

အစီအစဉ်
နေ့ရက်    29.12.2013 (တနင်္ဂနွေနေ့)
အချိန်     နေ့လည် (၁)နာရီ
နေရာ     အ.ထ.က(၂)ကျောင်းခန်းမ၊ မြိတ်မြို့


မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ
အ.ထ.က(၂)ကျောင်းသား/သူဟောင်းများ(မြိတ်)

Saturday, December 7, 2013

(13) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ဖိတ်ကြားလွှာ

(13) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ဖိတ်ကြားလွှာ
 
အ.ထ.က(၂)မြိတ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲအား
စည်းကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နှိုးဆော် ဖိတ်ကြားလွှာများဖိတ်ကြားခြင်း

အလှူငွေများကောက်ခံခြင်းတို့အတွက်လိုက်ပါကူညီဆောင်ရွက်ပေးကြပါရန်
နိုးဆော်ဖိတ်ကြားအပ်ပါသည်။
 
(8.12.2013)ရက်၊ (တနင်္ဂနွေနေ့) နံနက် (73း0)နာရီ
အ.ထ.က(၂)ကျောင်း၊မြိတ် တွင်လာရောက်စုရုံးပေးကြပါရန်။

စီမံခန့်ခွဲမှုကော်မတီ
အ.ထ.က(၂)ကျောင်းသား/သူဟောင်းများအဖွဲ့
မြိတ်မြို့။

Tuesday, November 26, 2013

(13)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ ဒုတိယအကြိမ် အစည်းအဝေးကျင်းပခြင်း



 




(13)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အစည်းအဝေးကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၁း၀၀) နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်
လုပ်ငန်းအကောင်းအထည်ဖေါ်ဆောင်နိုင်ရေး အခမ်းအနားကို ညှိနိုင်းအစည်းအဝေး
ပြုလုပ်ခဲ့ပြီးအစည်းအဝေးတွင်ဆရာ/ဆရာမများကိုကတော့နိုင်ရေး၊ အကျွေးအမွေးနှင့်စတိတ်ရိုးများပြုလုပ်နိုင်ရေးကို ကြိုတင်ညှိနိုင်းခဲ့ပါသည်။
အခမ်းအနားကို (12.1.2014)တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မိတ်ဆုံစားပွဲကျင်းပနိုင်ရေးအတွက် အလှူအငွေကောက်ခံခြင်းကို
(1.12.2013) တွင် ( Sponsors ) ကံစမ်းမဲကို ကောက်ခံပြီး၊အလှူငွေထည့်ဝင်နိုင်သော ကျောင်းသား/သူများအား ပါဝင်နိုင်ရေးကို ကျောင်းသား/သူဟောင်းများက မြို့လည့် အလှူခံပေးသွားမည်ဖြစ်ကြောင်းကို အသိပေးအပ်ပါသည်။
အခမ်းအနားတွင် ကံစမ်းမဲဖေါက်ပွဲနှင့် စင်တင်တေးဂီတအစီအစဉ်များပြုလုပ်ထားပါသဖြင့်
အဝေးရောက်ကျောင်းသား/သူများအားလုံးကို အခမ်းအနားပါဝင်တက်ရောက်ပါရန်လေးစားစွာဖြင့် အသိပေးဖိတ်ခေါ်အပ်ပါသည်။






Thursday, November 14, 2013

အ.ထ.က(၂)ကျောင်းတော်ကြီး မှ မြတ်ဆရာပူဇော်ပွဲ နီးလာပြီ

အ.ထ.က(၂)ကျောင်းတော်ကြီး မှ မြတ်ဆရာပူဇော်ပွဲ နီးလာပြီ 




အဝေးရောက်သူငယ်ချင်းများနှင့် ရပ်ဝေး/ရပ်နီး ကျောင်းသူ/ဟောင်းများ အပေါင်းတို့
နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော မြတ်ဆရာပူဇော်ပွဲ ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သောကြောင့်
သူငယ်ချင်းများအားလုံး သိရှိနိုင်ရန် တင်ပြပါသည်။

ကျင်းပမည့် အချိန် ---- 12-1-2014 တနင်္ဂနွေနေ့ ကို သတ်မှတ်ထားပါသဖြင့်

သူငယ်ချင်းများအားလုံးလာရောက်နိုင်ရန် အသိပေးနိုးဆော်လိုက်ပါတယ်။

Friday, October 4, 2013

13 မြောက်မြတ်ဆရာပူဇော်ပွဲကြီး နိုးဆော်ခြင်း

13-ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ ကျင်းပရန်အချိန်နီးကပ်လာပြီးဖြစ်သောကြောင့်
အ.ထ.က(၂)ကျောင်းသားသူဟောင်းများအား နိုးဆော်အသိပေးလိုက်ပါတယ်

မတွေ့ဆုံတာကြာပြီးဖြစ်သော ကျောင်းသားသူများအားတွေ့ဆုံနိုင်ရန်အတွက် ဒီနှစ်ကျောင်းတော်ကြီးဆီသို့ချီတက် အရောက်လှမ်းခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါသည်။

ကျင်းပမည့်အချိန် - ဇွန်န၀ါရီလ ပထမအပတ် တွင် ငြိနိုင်းအစီအဝေးများ ပြုလုပ်မည်
 အခန်းအနားကျင်းပနိုင်ရန် ကျောင်းသားသူဟောင်းများ တက်ရောက်ကြပါရန် နိုးဆော်လိုက်ပါသည်



ကျောင်းသားဟောင်းများ ကော်မတီအဖွဲ့

အ.ထ.က(၂)မြိတ်
www.facebook.com/behs2myeik

Sunday, August 18, 2013

အ.ထ.က(၂)မြိတ် ကျောင်းတော်ကြီးတွင် (၂၀၁၂-၂၀၁၃) ခုနှစ်အတွက် ဆုပေးအခမ်းအနားကျင်းပခြင်း

အ.ထ.က(၂)မြိတ် ကျောင်းတော်ကြီးတွင် (၂၀၁၂-၂၀၁၃) ခုနှစ်အတွက် ဆုပေးအခမ်းအနားကျင်းပခြင်း




မြိတ်မြို့ အ.ထ.က(၂)ကျောင်းတွင်( ၂၀၁၂ ၊၂၀၁၃) ပညာသင်နှစ်
မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား
ကို ယနေ့ (၁၇.၈.၂၀၁၃)ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားကို ကျောင်းအကျိုးတော်ဆောင်များနှင့်ပညာရေးမှတာဝန်ရှိသူများ ၊ဌာနဆိုင်ရာ ၊ကျောင်းသား/သူဟောင်းများနှင့် ကျောင်းသားမိဘတက်ရောက်၍ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


တစ်ချိန်က ရေမြုတ်ကျောင်းဟုလည်းကောင်း၊ ဆင်းရဲသားကျောင်းဟုလည်းကောင်း၊ နာမည်ကြီးခဲ့သော “ အမှတ်(၂)ကျောင်း ငါတို့ကျောင်းသည်၊ ၀ါးဟောင်းထရံ၊ ကျူကာရံ၍
ဆရာမစုံ၊ အမိုးမလုံ နှင့် စခဲ့သည်”
ယခုအခါ ပညာဂုဏ်ရည် ထွန်းလင်းပြောင်ပြီး
(2013 တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို (၅)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်နှစ်ဦး အပါဝင် ဂုဏ်ထူးရကျောင်းသား ဦးရေ(၁၀၀)နှင့်
ဂုဏ်ထူး (၁၃၈)လုံး ရရှိအောင် မျိုးဆက်သစ် ထ(၂)ကျောင်းသားများက စွမ်းဆောင်ပေးနိုင်ပါသည်။
ထိုကြောင့် ဒို့ကျောင်းသားဟောင်းများအနေနှင့် ညီ/ညီမငယ်များကို ချီးမြောက်ဂုဏ်ပြုသော အားဖြင့် သြဂုတ်လတွင်း ကျင်းပသော
ပညာရည်ချွန် ဆုပေးပွဲကြီးကို ငွေအားလူအား ဖြစ် တစ်တတ်တစ်အားပါဝင်ကူညီကြပါစို့ ------
ကျွန်တော်တို့ဆီကို ထည့်ဝင်ကူညီပေးသော စာရင်းများကို ဖေါ်ပြလိုက်ပါသည်။

အလှူရှင်စာရင်းမှာ-------
(၁)     ဦးစိန်မင်း+ဒေါ်စန္ဒာဝင်း                   (၅)သောင်း
(၂)     ဦးထွန်းဝင်း+ဒေါ်ရီစန်း                     (၅)သောင်း
(၃)     ဦးဝင်းခိုင်+ဒေါ်အေးအုန်း                  (၃)သောင်း
(၄)     ဦးစိုးဦး +ဒေါ်လွင်မိုး                        (၆)သောင်း
(၅)     ကိုကျော်နိုင်+မမြတ်စန္ဒာ                 (၃)သောင်း
(၆)     ကိုမင်းအောင်မိုး+ မယုယုခင            (၃)သောင်း
(၇)     ဦးသွင်စိန်+ဒေါ်အေးမြင့်                  (၁)သောင်း
(၈)     ကိုဇော်ထွန်း+မအုန်းမြ `                 (၁)သောင်း 
(၉) ကိုမင်းလွင်ဦး+မအေးအေးမော်              (၃)သောင်း
(၁၀)   ကိုထွန်းဝင်း+မတင်တင်မိုး                (၁)သောင်း
(၁၁)   ကိုစန်းယု+မနွယ်နွယ်ဝေ                 (၂)သောင်း
(၁၂)   ဆရာဦးငွေတိုး                              (၁)သောင်း
(၁၃)   ကိုဝင်းတင်+မမိုးထက်မြင့်                (၁)သောင်း

***  ပီတိဝေဖြာဂုဏ်ပြုကြပါ  ***

လှန်းလာခဲ့ပါ    ပြည်မြန်မာအောက်က
 ကမ်းရိုးတန်းဟု   ခေါ်တွင်ခဲ့သော
 မာရိတ်မြို့ဟု အများသိတဲ့
ဘိတ်လို့ခေါ်တဲ့    မြိတ်ဒေသကို
 ရောက်လာခဲ့ရင် သတိတရ 
နိုင်ငံဂုဏ်ဆောင် ပညာရောင်မှာ 
ထွန်းတောက်လာသော
ထ(၂)ဆိုတဲ့  ကျောင်းတော်ကြီးကို
 အလည်တစ်ခေါက်
လာရောက်ပါလို့ ဖိတ်ခေါ်ပါတယ် 

အာမာန်များနှင့် ကိုယ်ဥာဏ်စွမ်းထုတ်
အပတ်တကုတ် ကြိုးစားခဲ့သော
ကျောင်းသူကျောင်းသား ဂုဏ်ထူးဆောင်ကို
မြင့်တင်ရည်သန် စိတ်ကူးဥာဏ်ဖြင့်
အားပေးအားမြောက်   ဂုဏ်ပြုလိုက်စို့----
မိတ်ပေါင်းရင်းခြာ သူငယ်ချင်းများနှင့်
မိဘများက ၀ိုင်းဝန်းဂုဏ်ပြုကြစို့လေ---  


ကိုမျိုးသိမ်းထိုက် ( မြိတ်)
ကျောင်းသားဟောင်း
 



Tuesday, August 13, 2013

အ.ထ.က(၂)မြိတ် ကျောင်းသား/သူဟောင်းများ



အ.ထ.က(၂)မြိတ် ကျောင်းသား/သူဟောင်းများ


တစ်ချိန်က ရေမြုတ်ကျောင်းဟုလည်းကောင်း၊ ဆင်းရဲသားကျောင်းဟုလည်းကောင်း၊ နာမည်ကြီးခဲ့သော “ အမှတ်(၂)ကျောင်း ငါတို့ကျောင်းသည်၊ ၀ါးဟောင်းထရံ၊ ကျူကာရံ၍
ဆရာမစုံ၊ အမိုးမလုံ နှင့် စခဲ့သည်”
ယခုအခါ ပညာဂုဏ်ရည် ထွန်းလင်းပြောင်ပြီး
(2013 တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို (၅)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်နှစ်ဦး အပါဝင် ဂုဏ်ထူးရကျောင်းသား ဦးရေ(၁၀၀)နှင့်
ဂုဏ်ထူး (၁၃၈)လုံး ရရှိအောင် မျိုးဆက်သစ် ထ(၂)ကျောင်းသားများက စွမ်းဆောင်ပေးနိုင်ပါသည်။
ထိုကြောင့် ဒို့ကျောင်းသားဟောင်းများအနေနှင့် ညီ/ညီမငယ်များကို ချီးမြောက်ဂုဏ်ပြုသော အားဖြင့် သြဂုတ်လတွင်း ကျင်းပသော
ပညာရည်ချွန် ဆုပေးပွဲကြီးကို ငွေအားလူအား ဖြစ် တစ်တတ်တစ်အားပါဝင်ကူညီကြပါစို့ ------
ကျွန်တော်တို့ဆီကို ထည့်ဝင်ကူညီပေးသော စာရင်းများကို ဖေါ်ပြလိုက်ပါသည်။

အလှူရှင်စာရင်းမှာ-------
(၁)     ဦးစိန်မင်း+ဒေါ်စန္ဒာဝင်း                    (၅)သောင်း
(၂)     ဦးထွန်းဝင်း+ဒေါ်ရီစန်း                     (၅)သောင်း
(၃)     ဦးဝင်းခိုင်+ဒေါ်အေးအုန်း                  (၃)သောင်း
(၄)     ဦးစိုးဦး +ဒေါ်လွင်မိုး                        (၆)သောင်း
(၅)     ကိုကျော်နိုင်+မမြတ်စန္ဒာ                  (၃)သောင်း
(၆)     ကိုမင်းအောင်မိုး+ မယုယုခင             (၃)သောင်း
(၇)     ဦးသွင်စိန်+ဒေါ်အေးမြင့်                   (၁)သောင်း
(၈)     ကိုဇော်ထွန်း+မအုန်းမြ `                  (၁)သောင်း
(၉)     ကိုမင်းလွင်ဦး+မအေးအေးမော်           (၃)သောင်း
(၁၀)   ကိုထွန်းဝင်း+မတင်တင်မိုး                (၁)သောင်း
(၁၁)   ကိုစန်းယု+မနွယ်နွယ်ဝေ                  (၂)သောင်း
(၁၂)   ဆရာဦးငွေတိုး                               (၁)သောင်း
(၁၃)   ကိုဝင်းတင်+မမိုးထက်မြင့်                 (၁)သောင်း

အလှူငွေထည့်ဝင်သူများကို ဆက်လက်ဖေါ်ပြပါမည်။
အလှူငွေများကို  www.behs2myeik.blogspot.com , www.facebook.com.behsmyeik
                    koko gyee (facebook )လင့် သို့ဆက်သွယ်နိုင်ပါသည်။
                  

Saturday, June 8, 2013

အ.ထ.က(၂)ကျောင်း မှတက္ကသိုလ်ဝင်တန်းအောင်မြင့်ခဲ့သောကျောင်းသားများ

အ.ထ.က(၂)ကျောင်း မှတက္ကသိုလ်ဝင်တန်းအောင်မြင့်ခဲ့သောကျောင်းသားများ
2012 -2013 ပညာသင်နှစ် တွင် အ.ထ.က(၂)ကျောင်းမှ 
အောင်မြင့်ခဲ့သောကျောင်းသားများ ကို ဒီပို့စ် မှ 
မှတ်တမ်းတင်ပေးလိုက်ပါသည်။

(၂၀၁၂-၂၀၁၃)- ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှ အ.ထ.က(၂) မြိတ်၏
ဝမ်းမြောက်ဖွယ် ကျောင်းဂုဏ်ဆောင် ဂုဏ်ယူဖွယ်ရာသတင်း
အ.ထ.က(၂)မြိတ်မြို့တွင် ဘာသာရပ်အလိုက် ဂုဏ်ထူးအရေအတွက်
English    = ၁
သင်္ချာ     = ၂၃
ဓါတု      = ၁၀
ရူပ       =  ၅
ဇီဝ        = ၁၁
ဘောဂ   = ၈၅
--------------------
စုစုပေါင်း= ၁၃၅
-------------------------------------------------------
ဂုဏ်ထူးရ ကျောင်းသား/သူဦးရေစာရင်း
-----------------------------------------------------
(၁) ဘာသာဂုဏ်ထူးရှင် ၇၅ ဦး
(၂)  ဘာသာဂုဏ်ထူးရှင် ၁၆ ဦး
(၃)  ဘာသာဂုဏ်ထူးရှင်   ၅ ဦး
(၄) ဘာသာဂုဏ်ထူးရှင်  ၂ ဦး
(၅) ဘာသာဂုဏ်ထူးရှင်   ၁ ဦး
ဂုဏ်ထူး (၅) ဘာသာ ရရှိသောကျောင်းသူ
ခုံအမှတ်-တမ/၁၅၂
အမည်=  မမေ၀င်းမြတ်သူ (English သင်္ချာ၊ဓါတု ၊ရူပ၊ဇီဝ)
အတန်းပိုင်ဆရာမ ဒေါ်ကြည်ကြည်လတ်

ဂုဏ်ထူး (၄) ဘာသာရရှိသော ဂုဏ်ထူးရှင် နှစ်ဦးမှာ
 ခုံအမှတ်-တမ/၁၃၅  ကျောင်းသူ မသီရိဇော် (သင်္ချာ ၊ဓါတု၊ ရှုပ ၊ဇီဝ)
ခုံအမှတ်-တမ/၁၃၁၂  ကျောင်းသား မောင်ပိုင်ပိုင်ဦး (သင်္ချာ၊ ဓါတု ၊ရှုပ၊ ဘောဂ)

အ.ထ.က(၂)ကျောင်း ဒသမတန်း အတန်းခွဲ(A) အတန်းလုံးကျွတ်အောင်မြင်သည့်အတွက်
ကျောင်းအုပ်ဆရာမဒေါ်သိန်းသိန်းအေးနှင့် ဆရာ/ဆရာမများ အောင်ပန်းဆင်ကျောင်းသား/သူများအားလုံးကို
အ.ထ.က(၂) ကျောင်းသား/သူဟောင်းများ မှ ၀မ်းသားဂုဏ်ယူတင်ပြအပ်ပါသည်။

အ.ထ.က(၂)မြိတ်
ကျောင်းသား/သူဟောင်းများအဖွဲ့

www.behs2myeik.blogspot.com
မှတင်ပြပါသည်။









 

Friday, June 7, 2013

၁၀ တန်း အောင်စာရင်း အွန်လိုင်းက ကြည့်ကြမယ် 2012 ပညာသင်နှစ် အတွက် အောင်စရင်းကို ကြည့်နိုင်ပြီ

၁၀ တန်း အောင်စာရင်း အွန်လိုင်းက ကြည့်ကြမယ်


၂၀၁၂ စာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ( ဆယ်တန်း) ဖြေဆိုထားသူများနဲ့ ကျောင်းသား မိဘတွေ အနေနဲ့ အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်လို့ ရတော့မှာဖြစ်ပါတယ်။ 



မနက်ဖြန် ထွက်မယ့် အောင်စာရင်းကို ပညာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနကနေ 
( http://moemyanmar.net/education/result-search-2012.php ) အင်တာနက်လိပ်စာကို သွားပြီး မိမိရဲ့ စာစစ်ဌာနနဲ့ ခုံနံပတ်ကို ရိုက်ထည့်လိုက်ရင် အောင်စာရင်းကို ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ 

"ဖြေဆိုသူ၏ စာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်ကို မြန်မာဘာသာ(Zawgyi-One Font, Myanmar2 Font, Myanmar3 Font)ဖြင့် ရိုက်ထည့်ပါ"


ယခုနှစ်မှ စတင်လိုက်တဲ့ ဆယ်တန်းအောင်စာရင်း အွန်လိုင်း မှ ကြည့်နိုင်တဲ့ စနစ်ကို ကျောင်းသား၊ 
ကျောင်းသူများနဲ့ ကျောင်းသားမိဘတွေအနေနဲ့ အချိန်မကုန်ပဲ၊ လူမပင်ပန်းပဲ မနက်အစောကြီး တန်းစီ ကြည့်ရတဲ့ ဒုက္ခတွေက ကင်းဝေးသွားမှာဖြစ်လို့ အကြိုက်တွေ့ကြမယ် ထင်ပါတယ်။ 

ရင်ခုန်စွာ စောင့်ဆိုင်းနေကြတဲ့ အောင်စာရင်း သိလိုသူတွေအတွက် အင်တာနက် အမြန်နှုန်းကောင်းဖို့ ဆုတောင်းထားကြမှ ဖြစ်မယ် ထင်ပါတယ်။ 


Sunday, May 26, 2013

အမှတ်(၂)ကျောင်းသားဟောင်း မြတ်ဆရာပူဇော်ပွဲ ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကွယ်လွန်


အမှတ်(၂) ကျောင်းသားသူဟောင်းများအဖွဲ့မှ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေး
 ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးမြင့်ဆွေ အသက်(၆၁)နှစ် သည်။
25.5.2013 ရက်နေ့တွင် ကွယ်လွန်သွားပါသသည်။ 
27.5.2013 ရက် နေ့လည်တွင် အသုဘပို့ဆောင်မည်
ဖြစ်ပါသောကြောင့်
 အ.ထ.က(၂)မြိတ် ကျောင်းသားသူဟောင်းများအားအသိပေးအပ်ပါသည်။
ကျောင်းသားသူဟောင်းများ မြတ်ဆရာပူဇော်ပွဲ တူညီအကျီ င်္ဝတ်ဆင်ပြီး
အသုဘပို့ဆောင်ပေးကြပါရန် အသိပေးပါသည်။


အ.ထ.က(၂)မြိတ်
ကျောင်းသားသူဟောင်းများ
ဆပ်ကော်မတီ၊မြိတ်မြို့

www.behs2myeik.blogspot.com

Thursday, April 11, 2013

12.4.2013 တွင် ဆရာမဒေါ်သီတာဖြူ အသုဘပိုဆောင်မည်

12.4.2013 တွင် ဆရာမကြီးဒေါ်သီတာဖြူ အသုဘပို့ဆောင်ရန်
အ.ထ.က(၂)ကျောင်းသားသူဟောင်းများကို အသိပေးနိုးဆော်လိုက်ပါတယ်
ဆရာမကြီး၏နောက်ဆုံးခရီစဉ်ဖြစ် ကျောင်းသားသူဟောင်းများ မြတ်ဆရာပူဇော်ပွဲ တူညီဝတ်စုံ
ဝတ်ဆင်ကာ လိုက်ပါပို့ဆောင်ပေးကြပါရန် လေးစားစွာဖြင့်
 ကျောင်းသားသူဟောင်းများအဖွဲ့

Tuesday, April 9, 2013

ကျောင်းသားဟောင်းများသို့ပန်ကြားချက်

အ-ထ-က(၂)ကျောင်းသားကျောင်းသူများသို့ပန်ကြားခြင်း
ကျောင်းသားသူဟောင်းများခင်ဗျား ဆရာမကြီးဒေါ်သီတာဖြူသည်
ပင်စင်မယူခင် အချိန်ကတဲက မြတ်ဆရာပူဇော်ပွဲဖြစ်မြှောက်
ရေးအတွက်
ကျွန်တော်တို့ကျောင်းသားဟောင်းများနှင့် အတူတကွ လိုက်ပါဆောင်ရွက်
ညွန်ကြားမှုပေးခဲ့သူပါ ဒါကြောင့် ကျောင်းသားဟောင်းများအနေဖြင့်
ဆရာမကိုဂုဏ်ပြုသောအားဖြင့် ( 12-4-2013 )နေ့လည် 1 နာရီ အချိန်တွင်
ဆရာမနောက်ဆုံးခရီစဉ်ကို လိုက်ပါပို့ဆောင်ပေးကြပါရန်နှင့် မြတ်ဆရာတူညီဝတ်စုံ
အင်္ကျီများကိုဝတ်ဆင်ပေးကြဖို့ ကျောင်းသားကျောင်းသူများကိုယ်စား
ပန်ကြားလိုက်ပါသည်ခင်ဗျား------
ဆရာမကြီး ကောင်းရာသုကတိဘဝခံစားနိုင်ပါစေ------
ဆရာမတပည့် ကိုကိုကြီး မြိတ်

Sunday, April 7, 2013

အငြိမ်းစားကျောင်းအုပ်ဆရာမကြီးဒေါ်သီတာဖြူ ကွယ်လွန်

 အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားပေးခဲ့သော
အ-လ-က(၂) ငြိမ်း ဆရာမကြီးဒေါ်သီတာဖြူသည်
(8-4-2013) တနင်္လလာနေ့ နံနက် (၃ :၀၀) တွင် ကွယ်လွန်သွားပါသဖြင့်
မိတ်ဆွေများအားအသိပေးအံ့ပါသည်
အမှတ်၂ ကျောင်းသားသူဟောင်းများအဖွဲ့မှလည်း အထူးပင်ဝမ်းနည်းမိပါကြောင်း

Wednesday, March 20, 2013

ဆရာဦးမြင့်ဦး၏ ကျန်းမာရေး ၀မ်းမြောက်ဖွယ်

ဆရာဦးမြင့်ဦး၏ ကျန်းမာရေး ၀မ်းမြောက်ဖွယ်


အ.ထ.က(၂) ကျောင်း၊မြိတ်မှ ကျောင်းဆရာဦးမြင့်ဦး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခံယူမူမှာ  အထူးကောင်းမွန်လာပြီးဖြစ်ကြောင်း ၊ ဆရာ၏ ကျန်းမာရေးစစ်ချက်ကတော့ ရောဂါပပျောက်သွားပြီးဖြစ်ကြောင်း၊ ယခုဆိုလျှင်ဆရာဦးမြင့်ဦးသည် မိတ်ဆွေအပေါင်းသင်းများကို မှတ်မိလာပြီး၊ ဖုန်းလည်း ကိုင်ဆောင်နိုင်ပြီး စကားပြောဆိုရာတွင် ဆရာ၏အသံမှာ ကြည်လင်ပြတ်သားမှု သိပ်မရှိသေးကြောင်း၊ ဒါပေမဲ့
လေ့ကျင့်ခန်းများပြုလုပ်လျှင်ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း၊ လာမည့်ရက်အနည်းငယ်တွင် ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်သတင်းကို တင်ပြလိုက်ပါတယ်။


မြိတ်၊အ.ထ.က(၂)
ကျောင်းသား/သူဟောင်းများ

Saturday, March 9, 2013

ဆရာဦးမြင့်ဦး ကျန်းမာရေးကောင်းမွန်လာခြင်း ၀မ်းမြောက်ဖွယ်

ဆရာဦးမြင့်ဦး ကျန်းမာရေးကောင်းမွန်လာခြင်း ၀မ်းမြောက်ဖွယ်

မြိတ်၊အမှတ်(၂)ကျောင်း မှ ကျောင်းဆရာဦးမြင့်ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လာပြီး
ဖြစ်ကြောင်း ၊ ဆရာသည် ကိုယ်လက်လုပ်ရှားနိုင်လာခြင်းများ တွေ့လာရကြောင်းနှင့်
မှတ်ဥာဏ်မှာ အာရုံခံစားမှုနည်းပါးကြောင်းသိရှိရပါတယ်----
အချိန်ယူကုသရမည်ဖြစ်ကြောင်း နှင့် ကျန်းမာရေးအခြေအနေမှာတော့
ထူးခြားကောင်းမွန်လာကြောင်း မူလအခြေအနေအတိုင်းပြန်လည်ကောင်းမွန်ရန်ကိုတော့
မသိရသေးကြောင်း ကျန်းမာရေးစောင့်ရှောက်ပေးနေသောသူများ၏ ပြောကြားချက်အရ
သိရှိရပါသည်။

ကျောင်းသား/သူဟောင်းများမှလည်း ငွေကြေးကူညီပံ့ပိုးသူများ၊ လူအားပံ့ပိုးသူများကို
အထူးကျေးဇူးတင်ရှိပါကြောင်း ကူညီသူများအားလုံးကိုယ်စိတ်နှစ်ပါး
ကျန်းမာချမ်းသာပြီး၊ စီးပွားရေးဒီရေအလားတိုးပွါးစေကြောင်း
ဆရာဦးမြင့်ဦး၏ကိုယ်စား ကျောင်းသားသူဟောင်းများမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဆက်လက်၍ ငွေကြေးပံ့ပိုးသူများ၏ စာရင်းများအားလုံးကိုတင်ပြပေးလိုက်ပါတယ်။
------------------------------------------------------------------------------------------------
ဦးလှသန်း+ဒေါ်ခင်သန်းရီ ( ပြည့်ဖြိုးထွန်းကုမ္ပဏီ ) ပထက်-အ.ထ.ကကိုယ်စားပြု ကျပ်ငွေ (10သိန်း)
ကိုအော်ကြီး+မယုယုခင်၊မ၀င်းယု         ကျပ်ငွေ  ( ၅သိန်း )

ကိုသန်းထိုက်+မစောမူ                        ကျပ်ငွေ  (ငါးသောင်း)

ကိုကျော်နိုင် +မမြစန္ဒာ                        ကျပ်ငွေ    (ငါးသောင်း)

ကိုဇော်မင်း+မမီးငယ်                           ကျပ်ငွေ    (ငါးသောင်း)
ကိုထွန်းဦး (မြိတ်တက္ကသိုလ် ဓါတု)       ကျပ်ငွေ    (၁သောင်း)
ကိုဆန်းဝင်း (မြို့သစ်မီးစက်)               ကျပ်ငွေ    (၁သောင်း)
ကိုအောင် (တလာပတ်)ချုပ်လုပ်ငန်း     ကျပ်ငွေ  (ငါးထောင်)
ကိုမင်းလွင်ဦး (ကျောင်းသားဟောင်း)   ကျပ်ငွေ  (၁သောင်း)
မမြင့်ခိုင် (ကျောင်းသားဟောင်း)           ကျပ်ငွေ  (ငါးထောင် )
ကိုမင်းအောင် (ကျောင်းသားဟောင်း)   ကျပ်ငွေ  (၁သောင်း)
ကျောင်းသားဟောင်းတစ်စုမှ               ကျပ်ငွေ  (ငါးသောင်းခုနှစ်ထောင်)
 
ဆရာမဒေါ်သန်းသန်း (ငြိမ်း) မှ            ငွေကျပ်   ( ၂သောင်း)

ကိုဇော်ဝင်း မအေးချို  (ကျောင်းသားဟောင်း) မှ  ငွေကျပ်  ( ၅သောင်း)

ကိုကျော်ဆန်း+မချိုသန်း  (ကျောင်းသားဟောင်း) မှ ငွေကျပ်  ( ၅သောင်း)
 
ကိုထိန်လင်းဦး+မခင်မိုးလှိုင်        ငွေကျပ် ( ၃၀၀၀၀ ) ကျပ်
 
မကေသီလှိုင်၊ မစမ်းညို၊ မချမ်းမြအေး သူငယ်ချင်းတစ်စု   ငွေကျပ် (၂၀၀၀၀) 
 
ကိုထွန်းဦး (ရွှေကိန္နရိ)မြို့သစ်       ငွေကျပ်  ( ၁သိန်း)
 
ကိုချိုအေး  ၊ရန်ကုန်                      ငွေကျပ် (၃၀၀၀၀) 

ဆက်လက်၍ ကူညီသူများကိုဖေါ်ပြပေးသွားပါမည်-------
မြိတ်
ကျောင်းသား/သူဟောင်းများ
ကော်မတီ၊မြိတ်
 
 
           

 
 





Friday, March 1, 2013

ဆရာဦးမြင့်ဦး၏ကျန်းမာရေးအသင့်တင့်ကောင်းမွန်လာကြောင်း

ဆရာဦးမြင့်ဦး၏ကျန်းမာရေးအသင့်တင့်ကောင်းမွန်လာကြောင်း

ယနေ့ (2.3.2012) စနေနေ့တွင်ဆရာ့ကျန်းမာရေးမှာ
 အသင့်အတင့်ကောင်းမွန်လာပြီးဖြစ်ကြောင်းကို ဆရာ၏ဝေယျာဝစ္စကိုဆောင်ရွက်ပေးနေသောကိုအောင်ဆန်းဦး မှတဆင့် သိရှိရပါသည်။
 

ဆက်လက်ငွေပံ့ပိုးကူညီပေးသောသူများမှာ

             ကိုထိန်လင်းဦး+မခင်မိုးလှိုင်        ငွေကျပ် ( ၃၀၀၀၀ ) ကျပ်
            မကေသီလှိုင်
            မစမ်းညို
            မချမ်းမြအေး သူငယ်ချင်းတစ်စု   ငွေကျပ် (၂၀၀၀၀) ကိုကူညီပံ့ပိုးပေးပါသည်။

---------------------------------ဆက်သွယ်ကူညီလိုလျှင် ------------------------------
ဆရာမကြီးဒေါ်သိန်းသိန်းဌေး ဖုန်း-0949898946 .05941788

ဆရာဦးသွင်စိန် ဖုန်း- 098761513
ကိုမင်းလွင်ဦး ဖုန်း-0949871616

ကိုစိန်မင်း ( မြိတ်တောင်အုပ်ချုပ်ရေးမှူး ) ဖုန်း-0949881524




မြိတ်၊အ.ထ.က(၂)ကျောင်းသားသူဟောင်းများအဖွဲ့
မြိတ်မြို့။