Thursday, May 29, 2014

နှစ်စဉ် ပြုလုပ်လှူဒါန်းမြဲ ဖြစ်သော အလှူဒါန ကို ဒီနှစ်(2014)တွင်လည်းပါဝင်လှူဒါန်းနိုင်ပါပြီ။


----- အ.ထ.က(၂) မြိတ်ကျောင်းသား/ကျောင်းသူဟောင်းများသို့ ------


နှစ်စဉ် ပြုလုပ်လှူဒါန်းမြဲ ဖြစ်သော အလှူဒါန ကို ဒီနှစ်(2014)တွင်လည်းပါဝင်လှူဒါန်းနိုင်ပါပြီ။

အ.ထ.က(၂) မြိတ် ကျောင်းကြီးတွင် ပညာသင်ကြားလျက်ရှိသော ချို့တဲ့ကျောင်းသားများအား သင်ထောက်ကူပြု ရစေခြင်းငှာ (၂၉ - ၅ - ၂၀၁၄) ကြာသပတေးနေ့ တွင်ပြုလုပ်မည့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား တွင် ကျောင်းသုံး ဗလာ စာအုပ်များ၊ ခဲတံများ ၊စာရေး ကိရိယာများ ပါဝင်လှူဒါန်း မည်ဖြစ်ပါသောကြောင့် ၊ အ.ထ.က(၂)ကျောင်းသား/ကျောင်းသူများအား အသိပေးနိုးဆော်အပ်ပါသည်။ ကျောင်းသား/ကျောင်းသူဟောင်းများမှ မည့်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ပါမည်။

♦♦♦♦ ရရှိပြီးအလှူရှင်များ စာရင်း♦♦♦♦♦♦

၁ ။ ဦးမင်းလွင်ဦး + ဒေါ်အေးအေးမော် (ပါရမီ(၁)ရပ်) နန်းဆန်းသူ မှ ဗလာစာအုပ် ၅- ဒါဇင်

၂။ ဦးမင်းအောင်မိုး + ဒေါ်ယုယုခင် ( မြို့သစ်) နန်းရတနာလှိုင်ရွှေဆိုင်မှ ဗလာစာအုပ် ၅-ဒါဇင်

၃။ ဦးစိန်မင်း + ဒေါ်စန္ဒာဝင်း (မြို့သစ်) မှ ဗလာစာအုပ် ၅ ဒါဇင်

၎။ ကိုမောင်ထွေးဝေ+ မဇင်မာမြင့် (ok ဆန်ရောင်းဝယ်ရေး) မှ
ဗလာစာအုပ် ၂၀ဒါဇင် နှင့် ခဲတံ ၁ ပုံး

၎။ ဆရာကနေဒီ +ဒေါ်စောစောမြင့် ခေတ္တ( သြစတေးလျ) မှ ငွေ ငါးသောင်း ကျပ်

၅။ မသူဇာမြင့် Theresa Kennedy ခေတ္တ (သြစတေးလျ )မှ ငွေ ငါးသောင်း ကျပ်

၆။ ဦးဆန်းဇော်ဦး + ဒေါ်ခင်ညိုထွေး (စက်ဝင်းရပ်) ဗလာစာအုပ် ၅ ဒါဇင်

ရ။ ဦးသန်းလှိုင်ဦး + ဒေါ်နွယ်နွယ်ဝင်း ဗလာစာအုပ် ၃ ဒါဇင်

ဂ။ကျောင်းသားဟောင်း( ဦးဆင်မောင်)+ ဒေါ်မြင့်မြင့်သန်း ဗလာစာအုပ် ၃ ဒါဇင်

၉။ မယုယုခင် ၊ မဝင်းယု ၊ မအေးချိုမြင့် ရန်ကုန်မြို့၊ ကျောင်းသုံးစာရေးခုံ အတွက် ၁သိန်းကျပ်

၁၀။ ကိုဝင်းခိုင် ဗလာစာအုပ် ၁၀ ဒါဇင်

၁၁။ ကိုဖိုးသန့် skyblue စားသောက်ဆိုင် (စက်ဝင်း) မှ ဗလာစာအုပ် ၁၀ ဒါဇင်

၁၂။ ကျောင်းအကျိုးတော်ဆောင်အဖွဲ မှ ဗလာစာအုပ် ၁၅ ဒါဇင်

၁၃။ ကိုစန်းယု +မနွယ်နွယ်ဝေ(ပါရမီ) မှ ဗလာစာအုပ် ၅ ဒါဇင်

၁၄ ။ မမိုးသီတာ ရန်ကုန်မြို့ မှ ဗလာစာအုပ် ၅ ဒါဇင်



အ.ထ.က(၂) ကျောင်းသားသူ/ဟောင်းများကော်မတီ
အတွင်းရေးမှူး (ဦးမင်းလွင်ဦး)

Ph:0949871616 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Sunday, April 13, 2014

မြိတ်မြို့ သင်္ကြန်အကျနေ့ မြင်ကွင်းများ

မြိတ်မြို့တွင် သင်္ကြန်အကျနေ့၌ ပြည်သူုများမှ အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိ
( မြိတ် ဧပြီ ၁၄ ရက် )
၁၃၇၅ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မြိတ်မြို့၌
  အေးချမ်း ပျော်ရွင်စွာ ရေကစားလျက်ရှိသည်။ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ပြည်သူများမှ မြူးမြူးကြွကြွ သင်္ကြန်တေး သီးချင်းဖွင့်ကြပြီး ရေကစား မဏ္ဍပ်များတွင် အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိကြပြီး သင်္ကြန်ချစ်သူ ပြည်သူ များမှလည်း မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် ရေပက်ခံထွက်ကြရာ ကျိတ်ကျိတ် တိုးစည်ကား လျက်ရှိသည်။

အလားတူ မြိတ်မြို့၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် ကမ်းရိုးတန်းမဏ္ဍပ်တို့တွင် သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့်
မြူးမြူးကြွကြွသီဆိုဖျော်ဖြေလျက်ရှိကြပြီး သင်္ကြန်ယိမ်း အကအဖွဲ့များက ယိမ်းအက အလှများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိကြရာ ပြည်သူများမှ စည်ကားသိုက်မြိုက် စွာဖြင့် ကြည့်ရှုအားပေးလျက်ရှိကြရာ ၁၃၇၅ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန် အကျနေ့တွင် မြိတ်မြို့၌ ပြည်သူုများမှ အေးချမ်းပျော်ရွှင်လျက်ရှိကြကြောင်း သတင်းရရှိသည်။










Monday, March 10, 2014

အထူးဝမ်းနည်းကြေကွဲခြင်း



အထူးဝမ်းနည်းကြေကွဲခြင်း






ဦးအောင်မြင့် (Justin D’Silva)

အသက် (၇၂)

အထက်တန်းကျောင်းအုပ်ဆရာကြီး ( ငြိမ်း ­) 

အ.ထ.က(၂)ကျောင်းတွင် 1994 မှ 2002 အထိ 

အထက်တန်းကျောင်းအုပ်ဖြင့် တာဝန်ထမ်းဆောင်သွားခဲ့သော

မြိတ်မြို့၊ ကန်ခေါင်းရပ်၊ စကားဝါလမ်းနေ (ဦးတင်ထွန်း+ ဒေါ်မေရီ) တို့၏သား

မြိတ်မြို့ ၊  သန်းဖိုရပ်နေ ၊ ဒေါ်အေးအေးဦး (ခ) ဒေါ်အင်ကြွေ ၏ ချစ်လှစွာသော ခင်ပွန်း

ကိုမျိုးလွမ်း+မဥမ္မာအောင်၊ ကိုမိုးစိုးအောင်+မလင်းလင်းလတ်၊   

ကိုသက်စိုးအောင်+မဖြိုးဖြိုးသူ၊

 မသူဇာအောင်၏ ဖခင်၊ မဇူးဇူးလင်းအောင်  မောင်ပိုင်သက်ထူး၊

 မောင်ညီထက်နိုင်၊ မောင်ကောင်းဆက်လင်း၏ အဖိုး၊ ဦးတင်ထွန်းအောင်၏အစ်ကိုသည်

(၁၁.၃.၂၀၁၄) ရက်နေ့၊ နံနက် (၄း၀၅) နာရီတွင် ကွယ်လွန်သည်။

(၁၃.၃.၂၀၁၄) ရက်နေ့၊ နေ့လည်(၂)နာရီ တွင်

ခရစ်ယာန် သချုင်္ိင်းသို့ ပို့ဆောင်ဂူသွင်းပါမည်။

  

ကျန်ရစ်သူ မိသားစု နှင့်တကွ

ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း

အ.ထ.က (၂) ကျောင်းသား/ကျောင်းသူဟောင်းများ
မိသားစု

Friday, January 31, 2014

♦♦♦♦♦♦♦ ဖိတ်ကြားလွှာ ♦♦♦♦♦♦

                                            ♦♦♦♦♦♦♦  ဖိတ်ကြားလွှာ ♦♦♦♦♦♦

အ.ထ.က(၂) ကျောင်းသား၊ကျောင်းသူဟောင်းများ၏  (၁၃)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ
အခမ်းအနား ရ/သုံးစာရင်းများရှင်းလင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးရန်အတွက် ညှိနှိုင်း အစည်းအဝေးကို အောက်ပါအစီအစဉ် အတိုင်းပြုလုပ်မည် ဖြစ်ပါသဖြင့် (မပျက်မကွက်)  ကြွရောက်ပေးပါရန်  ဖိတ်ကြားအပ်ပါသည်။

မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီ

အ.ထ.က(၂)ကျောင်းသား/သူဟောင်းများအဖွဲ့ မြိတ်။

Friday, January 10, 2014

(၁၃)ကြိမ်မြောက် အ.ထ.က(၂)ကျောင်းသား/သူဟောင်းများ၏ လုပ်ရှားမှုများ

(၁၃)ကြိမ်မြောက် အ.ထ.က(၂)ကျောင်းသား/သူဟောင်းများ၏ လုပ်ရှားမှုများ





ယနေ့ ကျင်းပပြုလုပ်မည် (၁၃)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ကျောင်းသားကျောင်းသူဟောင်းများ အားလုံး စိတ်တူကိုယ်တူ လက်တွဲ၍ ပွဲဖြစ်မြောက်ရေးကို ကျိုးပမ်းဆောင်ရွက်နေကြသည်ကို အားရမိပါကြောင်း

ထို့အတူ အဝေးရောက်ကျောင်းသားများကလည်း (12.1.2014) ပွဲအမီ ပါဝင်ဆင်နွဲကြပါရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

ဒီနှစ်မှာ ထူးခြားတဲ့ အစီအစဉ်များ ထည့်သွင်းထားပါသည်။
ကံစမ်းမဲကိုလည်း ယခင်နှစ်များနှင့် မတူ ပြုလုပ်ထားရှိပြီး GSM ဖုန်းအသုံးပြုရန်အသင့် ၊ ရေခဲ့သေတ္တာ၊
အဲယားကွန်းလေအေးစက်၊ နှင့် အခြားကံစမ်းမဲများကိုလည်းထည့်သွင်းထားပါသသည်။
တေးဂီတအစီအစဉ်တွင်လည်း တစ်ရောက်လာသော ကျောင်းသားသူဟောင်းများမှလည်း လာရောက်သီဆိုနိုင်ပါသည်။

အစီအစဉ်
(12.1.2014) နံနက်(6း00)နာရီတွင် ကျောင်းဘုရားသိမ်တွင် သံဃာတော်များအား ဆွမ်းကပ်လှူတန်း၍ ကွယ်လွန်ပြီးသော ဆရာကြီး/ဆရာမကြီးများအား ရေစက်ချ အမျှပေးဝေခြင်း။

(12.1.2014) မွန်းတည့် (12း00)နာရီတွင် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကတော့ခြင်း။

(12.1.2014) ညနေ(၆း00)နာရီတွင် မိတ်ဆုံညစာစားပွဲအခမ်းအနားကျင်ပခြင်း တို့ဖြစ်သည်။


ကျောင်းသားကျောင်းသူဟောင်းများ အားလုံးကိုဖိတ်ခေါ်လျှက်

အ.ထ.က(၂)ကျောင်းသားကျောင်းသူဟောင်းများ 
ကော်မတီ ၊မြိတ်

Wednesday, January 8, 2014

လှမ်းလာခဲ့ပါ မြတ်ဆရာ


းးး ၁၃ကြိမ်မြောက် ထ၂ မြတ်ဆရာပူဇော်ပွဲ အမှတ်တရ ကဗျားးးး



းးးးးးး   ဂုဏ်ယူဖွယ် ကောင်း ငါတို့ကျောင်းးးးး






သူငယ်ချင်း တို့ ...... ငါတို့ငယ်စဉ် ပညာသင်ခဲ့ မိခင်ကျောင်းကြီး ရှုမငြီး၏ ။
သူငယ်ချင်းရေ ....... မြေနိမ့်မှာတည် ရေဝပ်သည် ကို နာမည်တွင်ပြောင်း
ရေမြုပ်ကျောင်းဟု အကောင်းမမြင် ပြောင်လှောင်ချင်ကြ
ဒီမှာ သူငယ်ချင်း ..... ရေမြုပ်သည့်ကျောင်း
ခေတ်မီကျောင်း သို့ တို့ပြောင်းနိုင်ခဲ့
မင်းကြည့်လှဲ့ပါ လာခဲ့ခေါ်ချင်
နွဲပျော်ရွှင်ရန် နှစ်စဉ်ကျင်းပ
မိတ်ဆုံည နှင့် ဦးချရိုကျိုး ထိပ်တင်မီုး၍
ရှီခိုး ကန်တော့ မာန်လျှော့ သည့်ပွဲ ဆင်နွဲကြရာ
မြတ်ဆရာသို့ မင်း ပါတစ်ခေါက်
အဝေးရောက်သည် ဝမ်းမြောက်ကြည်ညို
လာစေလို၍ စောင့်ကြိုမည့်ယုံ
တို့များစုံညီ တွေ့ဆုံစုပေါင်း နေရာဟောင်းဆီ
လာဖို့ထပ်လောင်း ဖိတ်ခေါ်ကြောင်း
ဂုဏ်ယူဖွယ်ကောင်း ငါတို့ကျောင်း
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆရာမဒေါ်ထားရှင် ကလောင်-ရှင်ထား အထက(၂) မြိတ်
စပ်ဆိုသောကဗျာ မူရင်းအတိုင်းမျှဝေ လိုက်ပါသည်းးးးးးးး

Sunday, December 29, 2013

• အ.ထ.က (၂) မြိတ် (၁၃) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ လုပ်ငန်းတာဝန် အစည်းအဝေးကျင်းပခြင်း•

အ.ထ.က(၂) မြိတ် (၁၃) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲလုပ်ငန်းတာဝန် အစည်းအဝေးကျင်းပခြင်း



ကျောင်းသား/ကျောင်းသူဟောင်းများ၏ တာဝန်ကိုယ်စီ ခွဲယူထားကြသော လုပ်ငန်းအောင်မြင်မှု 
အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ နေ့လည် (၁း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ အ.ထ.က (၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား စတင်ရာတွင် ကျောင်းသား/ကျောင်းသူဟောင်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့်ပတ်သက်၍ များစွာပင် ကျေနပ်အားရမိပါကြောင်းကို နာယက ဦးသွင်စိန်မှ အမှာစကား ပြောကြားခဲ့ပါသည်။
ထိုနောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို စည်ကားသိုက်မြှိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်၊  အဝေးရောက် ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်နိုင်ရန်အတွက် စီစဉ်ထားကြောင်းမြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးမင်းလွင်ဦးမှ တင်ပြခဲ့ပါသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် မြတ်ဆရာပူဇော်ပွဲ၌ (အဝေးရောက် မပါ) ကန်တော့ခံယူမည့် ဆရာ/ဆရာမများကို ထပ်မံတိုးချဲ့ထားပြီး လုပ်သက် (၅)နှစ်နှင့် အထက် ပင်စင်စား ဆရာ/ဆရာမများကိုလည်း ကန်တော့ခံယူနိုင်စေရန်အတွက် စီစဉ်စာရင်းပြုစုနေပါသဖြင့် 
ကျောင်းသား/ကျောင်းသူဟောင်းများမှလည်း ပင်စင်စား ဆရာ/ဆရာမများနှင့်ပတ်သက်၍ ဆက်သွယ် စုံစမ်းပေးကြပါရန် အသိပေးနိုးဆော် တင်ပြခြင်းနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်စေရေး ပြုလုပ်ဆောင်ရွက်ချက်များကို တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ
အ.ထ.က (၂) မြိတ်၊ ကျောင်းသား/ကျောင်းသူဟောင်းများ

Thursday, December 26, 2013

ဖိတ်ကြားလွှာ

အ.ထ.က(၂)ကျောင်းသားကျောင်းသူဟောင်းများအားဖိတ်ခေါ်ခြင်း
နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော မြိတ်မြို့၊အ.ထ.က(၂)ကျောင်းသား/သူဟောင်းများ၏
(၁၃)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၏ အပြီးသတ် တာဝန်ခွဲဝေမှုညှိနှိုင်းအစည်းအဝေးကို အောက်ပါ
အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် (မပျက်မကွက်) ကြွရောက်ပေးပါရန် ဖိတ်ကြား
အပ်ပါသည်။

အစီအစဉ်
နေ့ရက်    29.12.2013 (တနင်္ဂနွေနေ့)
အချိန်     နေ့လည် (၁)နာရီ
နေရာ     အ.ထ.က(၂)ကျောင်းခန်းမ၊ မြိတ်မြို့


မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ
အ.ထ.က(၂)ကျောင်းသား/သူဟောင်းများ(မြိတ်)

Saturday, December 7, 2013

(13) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ဖိတ်ကြားလွှာ

(13) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ဖိတ်ကြားလွှာ
 
အ.ထ.က(၂)မြိတ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲအား
စည်းကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နှိုးဆော် ဖိတ်ကြားလွှာများဖိတ်ကြားခြင်း

အလှူငွေများကောက်ခံခြင်းတို့အတွက်လိုက်ပါကူညီဆောင်ရွက်ပေးကြပါရန်
နိုးဆော်ဖိတ်ကြားအပ်ပါသည်။
 
(8.12.2013)ရက်၊ (တနင်္ဂနွေနေ့) နံနက် (73း0)နာရီ
အ.ထ.က(၂)ကျောင်း၊မြိတ် တွင်လာရောက်စုရုံးပေးကြပါရန်။

စီမံခန့်ခွဲမှုကော်မတီ
အ.ထ.က(၂)ကျောင်းသား/သူဟောင်းများအဖွဲ့
မြိတ်မြို့။

Tuesday, November 26, 2013

(13)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ ဒုတိယအကြိမ် အစည်းအဝေးကျင်းပခြင်း



 




(13)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အစည်းအဝေးကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၁း၀၀) နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်
လုပ်ငန်းအကောင်းအထည်ဖေါ်ဆောင်နိုင်ရေး အခမ်းအနားကို ညှိနိုင်းအစည်းအဝေး
ပြုလုပ်ခဲ့ပြီးအစည်းအဝေးတွင်ဆရာ/ဆရာမများကိုကတော့နိုင်ရေး၊ အကျွေးအမွေးနှင့်စတိတ်ရိုးများပြုလုပ်နိုင်ရေးကို ကြိုတင်ညှိနိုင်းခဲ့ပါသည်။
အခမ်းအနားကို (12.1.2014)တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မိတ်ဆုံစားပွဲကျင်းပနိုင်ရေးအတွက် အလှူအငွေကောက်ခံခြင်းကို
(1.12.2013) တွင် ( Sponsors ) ကံစမ်းမဲကို ကောက်ခံပြီး၊အလှူငွေထည့်ဝင်နိုင်သော ကျောင်းသား/သူများအား ပါဝင်နိုင်ရေးကို ကျောင်းသား/သူဟောင်းများက မြို့လည့် အလှူခံပေးသွားမည်ဖြစ်ကြောင်းကို အသိပေးအပ်ပါသည်။
အခမ်းအနားတွင် ကံစမ်းမဲဖေါက်ပွဲနှင့် စင်တင်တေးဂီတအစီအစဉ်များပြုလုပ်ထားပါသဖြင့်
အဝေးရောက်ကျောင်းသား/သူများအားလုံးကို အခမ်းအနားပါဝင်တက်ရောက်ပါရန်လေးစားစွာဖြင့် အသိပေးဖိတ်ခေါ်အပ်ပါသည်။






Thursday, November 14, 2013

အ.ထ.က(၂)ကျောင်းတော်ကြီး မှ မြတ်ဆရာပူဇော်ပွဲ နီးလာပြီ

အ.ထ.က(၂)ကျောင်းတော်ကြီး မှ မြတ်ဆရာပူဇော်ပွဲ နီးလာပြီ 




အဝေးရောက်သူငယ်ချင်းများနှင့် ရပ်ဝေး/ရပ်နီး ကျောင်းသူ/ဟောင်းများ အပေါင်းတို့
နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော မြတ်ဆရာပူဇော်ပွဲ ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သောကြောင့်
သူငယ်ချင်းများအားလုံး သိရှိနိုင်ရန် တင်ပြပါသည်။

ကျင်းပမည့် အချိန် ---- 12-1-2014 တနင်္ဂနွေနေ့ ကို သတ်မှတ်ထားပါသဖြင့်

သူငယ်ချင်းများအားလုံးလာရောက်နိုင်ရန် အသိပေးနိုးဆော်လိုက်ပါတယ်။

Friday, October 4, 2013

13 မြောက်မြတ်ဆရာပူဇော်ပွဲကြီး နိုးဆော်ခြင်း

13-ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ ကျင်းပရန်အချိန်နီးကပ်လာပြီးဖြစ်သောကြောင့်
အ.ထ.က(၂)ကျောင်းသားသူဟောင်းများအား နိုးဆော်အသိပေးလိုက်ပါတယ်

မတွေ့ဆုံတာကြာပြီးဖြစ်သော ကျောင်းသားသူများအားတွေ့ဆုံနိုင်ရန်အတွက် ဒီနှစ်ကျောင်းတော်ကြီးဆီသို့ချီတက် အရောက်လှမ်းခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါသည်။

ကျင်းပမည့်အချိန် - ဇွန်န၀ါရီလ ပထမအပတ် တွင် ငြိနိုင်းအစီအဝေးများ ပြုလုပ်မည်
 အခန်းအနားကျင်းပနိုင်ရန် ကျောင်းသားသူဟောင်းများ တက်ရောက်ကြပါရန် နိုးဆော်လိုက်ပါသည်



ကျောင်းသားဟောင်းများ ကော်မတီအဖွဲ့

အ.ထ.က(၂)မြိတ်
www.facebook.com/behs2myeik

Sunday, August 18, 2013

အ.ထ.က(၂)မြိတ် ကျောင်းတော်ကြီးတွင် (၂၀၁၂-၂၀၁၃) ခုနှစ်အတွက် ဆုပေးအခမ်းအနားကျင်းပခြင်း

အ.ထ.က(၂)မြိတ် ကျောင်းတော်ကြီးတွင် (၂၀၁၂-၂၀၁၃) ခုနှစ်အတွက် ဆုပေးအခမ်းအနားကျင်းပခြင်း




မြိတ်မြို့ အ.ထ.က(၂)ကျောင်းတွင်( ၂၀၁၂ ၊၂၀၁၃) ပညာသင်နှစ်
မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား
ကို ယနေ့ (၁၇.၈.၂၀၁၃)ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားကို ကျောင်းအကျိုးတော်ဆောင်များနှင့်ပညာရေးမှတာဝန်ရှိသူများ ၊ဌာနဆိုင်ရာ ၊ကျောင်းသား/သူဟောင်းများနှင့် ကျောင်းသားမိဘတက်ရောက်၍ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


တစ်ချိန်က ရေမြုတ်ကျောင်းဟုလည်းကောင်း၊ ဆင်းရဲသားကျောင်းဟုလည်းကောင်း၊ နာမည်ကြီးခဲ့သော “ အမှတ်(၂)ကျောင်း ငါတို့ကျောင်းသည်၊ ၀ါးဟောင်းထရံ၊ ကျူကာရံ၍
ဆရာမစုံ၊ အမိုးမလုံ နှင့် စခဲ့သည်”
ယခုအခါ ပညာဂုဏ်ရည် ထွန်းလင်းပြောင်ပြီး
(2013 တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို (၅)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်နှစ်ဦး အပါဝင် ဂုဏ်ထူးရကျောင်းသား ဦးရေ(၁၀၀)နှင့်
ဂုဏ်ထူး (၁၃၈)လုံး ရရှိအောင် မျိုးဆက်သစ် ထ(၂)ကျောင်းသားများက စွမ်းဆောင်ပေးနိုင်ပါသည်။
ထိုကြောင့် ဒို့ကျောင်းသားဟောင်းများအနေနှင့် ညီ/ညီမငယ်များကို ချီးမြောက်ဂုဏ်ပြုသော အားဖြင့် သြဂုတ်လတွင်း ကျင်းပသော
ပညာရည်ချွန် ဆုပေးပွဲကြီးကို ငွေအားလူအား ဖြစ် တစ်တတ်တစ်အားပါဝင်ကူညီကြပါစို့ ------
ကျွန်တော်တို့ဆီကို ထည့်ဝင်ကူညီပေးသော စာရင်းများကို ဖေါ်ပြလိုက်ပါသည်။

အလှူရှင်စာရင်းမှာ-------
(၁)     ဦးစိန်မင်း+ဒေါ်စန္ဒာဝင်း                   (၅)သောင်း
(၂)     ဦးထွန်းဝင်း+ဒေါ်ရီစန်း                     (၅)သောင်း
(၃)     ဦးဝင်းခိုင်+ဒေါ်အေးအုန်း                  (၃)သောင်း
(၄)     ဦးစိုးဦး +ဒေါ်လွင်မိုး                        (၆)သောင်း
(၅)     ကိုကျော်နိုင်+မမြတ်စန္ဒာ                 (၃)သောင်း
(၆)     ကိုမင်းအောင်မိုး+ မယုယုခင            (၃)သောင်း
(၇)     ဦးသွင်စိန်+ဒေါ်အေးမြင့်                  (၁)သောင်း
(၈)     ကိုဇော်ထွန်း+မအုန်းမြ `                 (၁)သောင်း 
(၉) ကိုမင်းလွင်ဦး+မအေးအေးမော်              (၃)သောင်း
(၁၀)   ကိုထွန်းဝင်း+မတင်တင်မိုး                (၁)သောင်း
(၁၁)   ကိုစန်းယု+မနွယ်နွယ်ဝေ                 (၂)သောင်း
(၁၂)   ဆရာဦးငွေတိုး                              (၁)သောင်း
(၁၃)   ကိုဝင်းတင်+မမိုးထက်မြင့်                (၁)သောင်း

***  ပီတိဝေဖြာဂုဏ်ပြုကြပါ  ***

လှန်းလာခဲ့ပါ    ပြည်မြန်မာအောက်က
 ကမ်းရိုးတန်းဟု   ခေါ်တွင်ခဲ့သော
 မာရိတ်မြို့ဟု အများသိတဲ့
ဘိတ်လို့ခေါ်တဲ့    မြိတ်ဒေသကို
 ရောက်လာခဲ့ရင် သတိတရ 
နိုင်ငံဂုဏ်ဆောင် ပညာရောင်မှာ 
ထွန်းတောက်လာသော
ထ(၂)ဆိုတဲ့  ကျောင်းတော်ကြီးကို
 အလည်တစ်ခေါက်
လာရောက်ပါလို့ ဖိတ်ခေါ်ပါတယ် 

အာမာန်များနှင့် ကိုယ်ဥာဏ်စွမ်းထုတ်
အပတ်တကုတ် ကြိုးစားခဲ့သော
ကျောင်းသူကျောင်းသား ဂုဏ်ထူးဆောင်ကို
မြင့်တင်ရည်သန် စိတ်ကူးဥာဏ်ဖြင့်
အားပေးအားမြောက်   ဂုဏ်ပြုလိုက်စို့----
မိတ်ပေါင်းရင်းခြာ သူငယ်ချင်းများနှင့်
မိဘများက ၀ိုင်းဝန်းဂုဏ်ပြုကြစို့လေ---  


ကိုမျိုးသိမ်းထိုက် ( မြိတ်)
ကျောင်းသားဟောင်း