ကျောင်းသား/ကျောင်းသူဟောင်းများ၏ တာဝန်ကိုယ်စီ ခွဲယူထားကြသော လုပ်ငန်းအောင်မြင်မှု
အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ နေ့လည် (၁း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ အ.ထ.က (၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနား စတင်ရာတွင် ကျောင်းသား/ကျောင်းသူဟောင်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့်ပတ်သက်၍ များစွာပင် ကျေနပ်အားရမိပါကြောင်းကို နာယက ဦးသွင်စိန်မှ အမှာစကား ပြောကြားခဲ့ပါသည်။
ထိုနောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို စည်ကားသိုက်မြှိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်၊ အဝေးရောက် ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်နိုင်ရန်အတွက် စီစဉ်ထားကြောင်းမြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးမင်းလွင်ဦးမှ တင်ပြခဲ့ပါသည်။
ယခုနှစ် ကျင်းပပြုလုပ်သည့် မြတ်ဆရာပူဇော်ပွဲ၌ (အဝေးရောက် မပါ) ကန်တော့ခံယူမည့် ဆရာ/ဆရာမများကို ထပ်မံတိုးချဲ့ထားပြီး လုပ်သက် (၅)နှစ်နှင့် အထက် ပင်စင်စား ဆရာ/ဆရာမများကိုလည်း ကန်တော့ခံယူနိုင်စေရန်အတွက် စီစဉ်စာရင်းပြုစုနေပါသဖြင့်
ကျောင်းသား/ကျောင်းသူဟောင်းများမှလည်း ပင်စင်စား ဆရာ/ဆရာမများနှင့်ပတ်သက်၍ ဆက်သွယ် စုံစမ်းပေးကြပါရန် အသိပေးနိုးဆော် တင်ပြခြင်းနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်စေရေး ပြုလုပ်ဆောင်ရွက်ချက်များကို တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။
မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီအ.ထ.က (၂) မြိတ်၊ ကျောင်းသား/ကျောင်းသူဟောင်းများ
No comments:
Post a Comment