Friday, September 5, 2014

တနင်္သာရီ သတင်းဂျာနယ် အယ်ဒီတာနှင့် အများပြည်သူများသိရှိစေရန်

တနင်္သာရီ သတင်းဂျာနယ် အယ်ဒီတာနှင့် အများပြည်သူများသိရှိစေရန်
-----------------------------------------------------------------------------------------

တနင်္သာရီ သတင်းဂျာနယ် အယ်ဒီတာနှင့် အများပြည်သူများသိရှိစေရန်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယခုနှစ် (2014) တွင် နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်သောကိစ္စနှင့်ပတ်သက်၍ တနင်္သာရီ သတင်းဂျာနယ် မှ ကောက်နုတ်ချက်အား ပြန်လည် ရေးသားခြင်း။

အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသား/ကျောင်းသူ (4000)ခန့်ရှိသိအတွက် စာသင်ကြားရန် အခက်အခဲများရှိလာပါသဖြင့်  ကျောင်းဆောင်သစ်ကို
ထပ်မံတိုးချဲဆောက်လုပ်နိုင်ရန် ပညာရေးဌာနမှ နိုင်ငံတော်ပံ့ပိုးငွေ (၆၄၀) ဖြင့် တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ရန် ချမှတ်ခဲ့ပါသည်။
ဦးလှသန်း နှင့် မြိတ် အများပိုင် ကုမ္ပဏီမှ ထပ်မံ ပံ့ပိုး စိုက်ထုတ်ငွေ (၂၀၀)သိန် ရရှိခဲ့သဖြင့် နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ရန် အတည်ပြုခဲ့ကြသည်။

ထို့အပြင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသည် နှစ်ပေါင်း (၆၀)နီးပါး ရေ၀ပ်နေသောမြေကို ပြုပြင်ရန် ဦလှသန်း မှ သဲကားပေါင်း (၅၄၃)ကား (ယခုငွေပေါက်ဈေး (၂၀၀)သိန်း နီးပါး) စက်ယန္တရာများဖြင့် ပြုပြင်မွန်းမံ ပေးခဲ့သဖြင့် ယခုဆိုယင် ဘောလုံးကွင်းမျှ ကျယ်ဝန်းသော မြေ အနေအထားကိုရရှိလာခဲ့ပါသည်။

 ထိုကြောင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် အစိုးရမှ ချပေးငွေ နှင့် စေတနာအလှူရှင် လှူဒါန်းငွေကို ကျောင်းသားမိဘများသိရှိစေရန် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါသည်။

ထိုအစည်းအဝေးပွဲတွင် တက်ရောက်လာကြသော ကျောင်းသားမိဘများမှ စေတနာသဒ္ဒါထက်သန်ပြီး လှူဒါန်းလာသဖြင့် ငွေသား (၁၄)သိန်း (၈)သောင်း ၊ သဲ၊ ကျောက်၊ သစ် များ ပါ ထည့်ဝင်ခဲ့ကြသဖြင့်
ငွေလက်ခံ ကော်မတီ မရှိသဖြင့် (ကျောင်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့) ကို တက်ရောက်လာကြသော မိဘရှင်များအား ဖွဲ့စည်းစေပြီး လှူဒါန်းငွေများ လက်ခံကာ ရရှိလာသော ငွေများကို ဘဏ်၌ အပ်နှံထားရှိပါသည်။
  ယခုပြုလုပ်ခဲ့သော အစည်းအဝေးပွဲတွင် ကျောင်းသားမိဘရှင်များ မှ (သတ်မှတ်ငွေ) ထည့်ဝင်ပေးရမည့်ဟု လုံးဝ ပြောကြားခဲ့ခြင်းမရှိပါ။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင် ဦးစိန်မင်းက " ကျွန်တော်တို့က ကျောင်းသားမိဘတွေကို အတင်းအကျပ်ထည့်ရမယ်။ အလှူငွေတွေကို မဖြစ်မနေထည့်ရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိဘူး စေတနာနှင့် ထည့်ဝင်မည်ဆိုလည်းရတယ် မထည့်ဝင်လည်းရတယ် ကျောင်းသားမိဘတွေဆီက စေတနာပေါက် ထည့်ဝင်မည်ဆိုမှသာလက်ခံသွားမည့် ဖြစ်တယ်လို့ပြောကြားပါတယ်။
 ထည့်လို့လည်းရပါတယ်။ မထည့်လည်းရပါတယ်။ " ဟု ရှင်းပြသည်။

" ကျွန်မတို့က စေတနာပေါက်ပဲ ကောက်ခံတာပါ။ အတင်းအကျပ်ထည့်ရမယ်လို့ သတ်မှတ်ထားခြင်းမျိုး မရှိပါဘူး။ အလှူငွေကောက်ခံဖို့ ကိုယ့်သဘောနဲ့ ကိုယ်လုပ်လို့မရပါဘူး။ အားလုံးကိုတိုင်ပင်ပြီးမှ ကျောင်းသားမိဘများရဲ့ သဘောထားကို ဆန္ဒပြုပြီး သဘောတူမှ ထည့်ရတာဖြစ်ပါတယ်။ "ဟုအ.ထ.က-၂ ကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြ၀င်းက ပြောကြားသည်။










(တနင်္သာရီ အပတ်စဉ်ထုတ်ဂျာနယ် - အတွဲ-၂၊ အမှတ်-၁၁ တွင် ပြည့်စုံစွာ ဖတ်ရှုနိုင်သည်။)



မြိတ်၊ထ(၂) ကျောင်းသား/သူဟောင်းများကော်မတီ

No comments:

Post a Comment