Saturday, August 16, 2014

အ.ထ.က(၂)မြိတ်၊ ကျောင်းမှ ဂုဏ်ထူးရှင် ကျောင်းသားများအား ပညာသင် ဒါနပြုကြခြင်း




♦,

အ.ထ.က(၂)မြိတ် ကျောင်းမှ ဂုဏ်ထူးရှင် ကျောင်းသားများအားပညာသင်ဒါနပြုကြခြင်း

မြိတ်မြို့ ။ အ.ထ.က( ၂) အခြေခံပညာ အထက်တန်းကျောင်း ၏ ၂၀၁၃ /၂၀၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း တွင် ထူးချွန်စွာ အောင်မြင်ကြသော မျိုး ဆက်သစ် ညီငယ် ညီမငယ် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူ များအား ပညာရည်ချွန် ဆုချီးမြှင့် ရန်အတွက် သဒ္ဒါထက်သန်စွာဖြင့် ပညာဒါနပြုပေးကြသော ပညာပါရမီရှင် ကျောင်းသား ကျောင်းသူဟောင်းကြီးများအား ကျေး ဇူးမှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည် ။
အ.ထ.က(၂) မြိတ်ကျောင်းတော်ကြီးမှ ၂၀၁၃ ၂၀၁၄ ပညာသစ်နှစ် တွင် အောင်မြင့်ကြသော (၄ )ဘာသာ ဂုဏ်ထူး ရှင် ၈ ဦး ။ (၃) ဘာသာရှင် ၃ ဦး ။ (၂) ဘာသာ ၅ဦး နှင့်(၁)ဘာသာဂုဏ်ထူးရှင်၅၅ဦး၊စုစုပေါင်း၇၁ဦး မွေးထုတ်ပေးနိုင်ခဲ့ပါသည်
အောင်မြင့်ခဲ့သော ကျောင်းသား/ကျောင်းသူများအတွက် ပညာဒါန ပြုကြသော အလှူရှင်းများဖြစ်ကြသည့်။
၁။ ဗိုလ်မှူးကြီး ခင်မောင်လတ် + ဒေါက်တာ ရီုစီဝင်း (နေပြည်တော် ) မှအလှူငွေ (၁)သိန်းကျပ်
၂။ ကိုမင်းအောင်မိုး+မယုယုခင် (နန်းရတနာလှိုင် ပုလဲရတနာဆိုင်) မှအလှူငွေ (၁)သိန်းကျပ်
၃။ အောင်တေဇ ဦးသိန်းလွင် အားရည်စူး၍ ကိုစိုးဦး + မလွင်မိုး မိသားစု မှအလှူငွေ(၅)သောင်းကျပ်
၎။ ဦးစိုးရီ + ဒေါ်မြရီ မြို့သစ်ရပ် မှ အလှူငွေ (၅)သောင်းကျပ်
၅။ ဦးထွန်းဝင်း +ဒေါ်ရီစန်း မြိတ်တောင်ကျေးရွာ မှ အလှူငွေ (၅)သောင်းကျပ်
၆။ ဦးစိန်မင်း + ဒေါ်စန္ဒာဝင်း မြို့သစ်ရပ် မှ အလှူငွေ (၅)သောင်းကျပ်
၇။ ဦးမင်းလွင်ဦး +ဒေါ်အေးအေးမော် ၊ ပါရမီ(၁)ရပ် မှ အလှူငွေ (၃)သောင်းကျပ်
8။ အဝေးရောက်နေသော်လည်း ပညာရည်နို့တိုက်ကျွေးခဲ့သော မိခင်ကျောင်းတော်ကြီးကို သံယောဇဉ်ကြီးမားသော သြစတြေးလျှ ရောက် ဦးထွန်းကျော်လင်း+ဒေါ်သူဇာမြင့် ၊ သမီး မပြည့်သူသူထွန်း၊ မသျှန်သူသူထက် မိသားစုမှ အလှူငွေ (၁)သိန်းကျပ်
အသီသီကိုပါဝင်ကူညီပံ့ပိုးပေးကြသော ကျောင်းသားဟောင်းများအား
အထူးကျေးဇူတင်ရှိပါသည်။
ထပ်မံပါဝင်လှူဒါန်း မည့်သူများကို လည်း ဆက်လက်တင်ပြပေးသွားပါမည်ဖြစ်ပါသည်။
အထူးကျေးဇူးတင်လျှက်
အ.ထ.က(၂)ကျောင်း
ကျောင်းသား/သူဟောင်းများအဖွဲ့
မြိတ်မြို့။

No comments:

Post a Comment