မြိတ်၊အ.ထ.က(၂)မှကျောင်းဆရာဦးမြင့်ဦးရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးခံ
မြိတ်မြို့၊အ.ထ.က(၂)ကျောင်းဆရာဦးမြင့်ဦး အားရန်ကုန်ပြည်သူ့ဆေးရုံတွင်ယနေ့ (27.2.2013)နံနက်တွင် ရန်ကုန်ပြည်သူဆေးရုံတွင် ဆေးကုသစစ်ဆေးခံကြောင်းကို ရန်ကုန်သို့လိုက်ပါပြုစုပေးသော ကိုအောင်ဆန်းမှ သတင်းရရှိပါသည်။
ဆရာဦးမြင့်ဦး၏ ကျန်းမာရေးမှာ ပြန်လှည်ကောင်းမွန်လာခြင်းမရှိသေကြောင်း
ကျန်းမာရေးကောင်းမွန်လာရန် ကျောင်းသား/သူဟောင်းများမှ ကြိုးပမ်းလုပ်ဆောင်နေကြောင်း
ဆရာ၏ကျောင်းသားများအပေါ်ထားရှိသောစေတနာကို လေးစားသောကြောင့်
သင်ကြားခဲ့ဖူးသော ကျောင်းသား/သူများက စိုးရိမ်မှုများရှိနေကြောင်းနှင့်
ဆရာ၏ကျန်းမာရေးအထူးကောင်းမွန်လာအောင် ကျောင်းသားသူများက
ဆုတောင်မေတ္တာပို့ပေးနေကြောင်းကို သိရှိရပါသည်။
ထပ်မံ၍ ယနေ့ ငွေကြေးပံ့ပိုးသူများကိုလည်းတင်ပြပေးလိုက်ပါတယ်
ဆရာမဒေါ်သန်းသန်း (ငြိမ်း) မှ ငွေကျပ် ( ၂သောင်း)
ကိုဇော်ဝင်း မအေးချို (ကျောင်းသားဟောင်း) မှ ငွေကျပ် ( ၅သောင်း)
ကိုကျော်ဆန်း+မချိုသန်း (ကျောင်းသားဟောင်း) မှ ငွေကျပ် ( ၅သောင်း)
ပံ့ပိုးပေးပါသည်။
ဆက်သွယ်ကူညီနိုင်ကြောင်းကိုလည်း ကျောင်းသား/သူဟောင်းများမှ လက်ကမ်းကြိုဆိုပါသည်။
ကူညီသူများအားလုံးကို ဆရာ၏ကိုယ်စား ကျောင်းသား/သူဟောင်းများမှ
ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။