-- အမှတ်(၂)အထက်တန်းကျောင်း
မြတ်ဆရာပူဇော်ပွဲ အစည်းအဝေးပွဲ ကျင်းပခြင်း --
အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်
ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကတော့ခံနိုင်ရေးအတွက် (ပထမ)ပတ် အစည်းအဝေးကို ယနေ့ နေ့လည်
(၁း၀၀) တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
နာယက လူကြီးများ၊
ကျောင်းသား/ကျောင်းသူဟောင်းများ နှင့် တာဝန်ရှိ ကော်မတီဝင်များ တက်ရောက်လာကြပြီး အစည်းအဝေးကို
နာယက(ဦးသွင်စိန်)က အမှာစကားပြောကြာ ပြီး
(2014)အခမ်းအနားအတွက် စီမံချက်များ ချမှတ်ရေးဆွဲအကြံပြုကြပါသည်။
ကတော့အခမ်းနားကို
(11.1.2015) တနင်္ဂနွေနေ့ တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ သဖြင့်
အဝေးရောက်ကျောင်းသား/သူဟောင်းများနှင့်
ရပ်ဝေးရပ်နီး ကျောင်းသား/သူများအားလုံး အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ တက်ရောက်ပါလို့
ဖိတ်ခေါ်လိုက်ပါသည်။
အမှတ်(၂) မြိတ်
ကျောင်းသား/သူဟောင်းများ
ကော်မတီ
No comments:
Post a Comment