Wednesday, February 27, 2013

မြိတ်၊အ.ထ.က(၂)မှကျောင်းဆရာဦးမြင့်ဦးရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးခံ

မြိတ်၊အ.ထ.က(၂)မှကျောင်းဆရာဦးမြင့်ဦးရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးခံ

                         
  မြိတ်မြို့၊အ.ထ.က(၂)ကျောင်းဆရာဦးမြင့်ဦး အားရန်ကုန်ပြည်သူ့ဆေးရုံတွင်ယနေ့ (27.2.2013)နံနက်တွင် ရန်ကုန်ပြည်သူဆေးရုံတွင် ဆေးကုသစစ်ဆေးခံကြောင်းကို ရန်ကုန်သို့လိုက်ပါပြုစုပေးသော ကိုအောင်ဆန်းမှ  သတင်းရရှိပါသည်။

ဆရာဦးမြင့်ဦး၏ ကျန်းမာရေးမှာ ပြန်လှည်ကောင်းမွန်လာခြင်းမရှိသေကြောင်း
ကျန်းမာရေးကောင်းမွန်လာရန် ကျောင်းသား/သူဟောင်းများမှ ကြိုးပမ်းလုပ်ဆောင်နေကြောင်း
ဆရာ၏ကျောင်းသားများအပေါ်ထားရှိသောစေတနာကို လေးစားသောကြောင့်
သင်ကြားခဲ့ဖူးသော ကျောင်းသား/သူများက စိုးရိမ်မှုများရှိနေကြောင်းနှင့် 
ဆရာ၏ကျန်းမာရေးအထူးကောင်းမွန်လာအောင် ကျောင်းသားသူများက 
ဆုတောင်မေတ္တာပို့ပေးနေကြောင်းကို သိရှိရပါသည်။


ထပ်မံ၍ ယနေ့ ငွေကြေးပံ့ပိုးသူများကိုလည်းတင်ပြပေးလိုက်ပါတယ်

ဆရာမဒေါ်သန်းသန်း (ငြိမ်း) မှ ငွေကျပ်   ( ၂သောင်း)

ကိုဇော်ဝင်း မအေးချို  (ကျောင်းသားဟောင်း) မှ  ငွေကျပ်  ( ၅သောင်း)

ကိုကျော်ဆန်း+မချိုသန်း  (ကျောင်းသားဟောင်း) မှ ငွေကျပ်  ( ၅သောင်း)
ပံ့ပိုးပေးပါသည်။

ဆက်သွယ်ကူညီနိုင်ကြောင်းကိုလည်း ကျောင်းသား/သူဟောင်းများမှ လက်ကမ်းကြိုဆိုပါသည်။

ကူညီသူများအားလုံးကို ဆရာ၏ကိုယ်စား ကျောင်းသား/သူဟောင်းများမှ
 ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
 

No comments:

Post a Comment