မြတ်ဆရာ
အပင်ငယ်သေး တည့်မတ်ပေးကာ
နောင်အခါဖြောင့်ရန် စိတ်ရည်သန်
ကလေးငယ်သေး နည်းလမ်းပေးကာ
လူကြီးကောင်းရန် စိတ်ရည်သန်
စာရိတ္တပြင် ဘဝတစ်ခွင်မှာ
ခေါင်းဆောင်ကောင်းရန် စိတ်ရည်သန်
စေတနာဆောင် မေတ္တာရောင်နှင့်
လွဲမိုက်ဆုံးမ ပမာပြကာ
တပည့်တွေကို
ခြေကုန်သွန်လည်း သင်ခဲ့ပေ။
ဘဝနေဝင် မိုးချုပ်ခင်ထိ
စောင့်ကြည့် နာဆင်
ဆရာ့ရင်ကို အပြင်ရောက်မှမြင်တော့သည်။
ဇရာပျက်ယို ဆရာအိုအား
ငါတို့တတွေ မမေ့စေရန်
နှစ်စဉ်အမြဲ ကန်တော့ပွဲကို
ညီညာ ဖြဖြ ကျင်းပကြသည်
ပီတိ အပြုံး လှိုင်နိုင်စေ...
အပြစ်ရှိက ကျေပါစေ...။
ထိုထိုဂုဏ်အင် "ဆရာရှင်"ကို
အပြစ်အပေါင်း ရှိတန်ကောင်း၍
ဆယ်လီဦးခိုက် ပူဇော်ထိုက်မို့
အကန်တော့ခံပါ မြတ်ဆရာ။
No comments:
Post a Comment