မြိတ်မြို့ အ.ထ.က(၂)ကျောင်းတွင်( ၂၀၁၂ ၊၂၀၁၃)
ပညာသင်နှစ်
မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား
ကို
ယနေ့ (၁၇.၈.၂၀၁၃)ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားကို
ကျောင်းအကျိုးတော်ဆောင်များနှင့်ပညာရေးမှတာဝန်ရှိသူများ ၊ဌာနဆိုင်ရာ
၊ကျောင်းသား/သူဟောင်းများနှင့် ကျောင်းသားမိဘတက်ရောက်၍ အခမ်းအနားကို စည်ကား
သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
တစ်ချိန်က ရေမြုတ်ကျောင်းဟုလည်းကောင်း၊
ဆင်းရဲသားကျောင်းဟုလည်းကောင်း၊ နာမည်ကြီးခဲ့သော “ အမှတ်(၂)ကျောင်း
ငါတို့ကျောင်းသည်၊ ၀ါးဟောင်းထရံ၊ ကျူကာရံ၍
ဆရာမစုံ၊ အမိုးမလုံ နှင့် စခဲ့သည်”
ယခုအခါ ပညာဂုဏ်ရည် ထွန်းလင်းပြောင်ပြီး
(2013 တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို
(၅)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်နှစ်ဦး အပါဝင် ဂုဏ်ထူးရကျောင်းသား
ဦးရေ(၁၀၀)နှင့်
ဂုဏ်ထူး (၁၃၈)လုံး ရရှိအောင် မျိုးဆက်သစ်
ထ(၂)ကျောင်းသားများက စွမ်းဆောင်ပေးနိုင်ပါသည်။
ထိုကြောင့် ဒို့ကျောင်းသားဟောင်းများအနေနှင့်
ညီ/ညီမငယ်များကို ချီးမြောက်ဂုဏ်ပြုသော အားဖြင့် သြဂုတ်လတွင်း ကျင်းပသော
ပညာရည်ချွန် ဆုပေးပွဲကြီးကို ငွေအားလူအား ဖြစ်
တစ်တတ်တစ်အားပါဝင်ကူညီကြပါစို့ ------
ကျွန်တော်တို့ဆီကို ထည့်ဝင်ကူညီပေးသော
စာရင်းများကို ဖေါ်ပြလိုက်ပါသည်။
အလှူရှင်စာရင်းမှာ-------
(၁) ဦးစိန်မင်း+ဒေါ်စန္ဒာဝင်း (၅)သောင်း
(၂) ဦးထွန်းဝင်း+ဒေါ်ရီစန်း (၅)သောင်း
(၃) ဦးဝင်းခိုင်+ဒေါ်အေးအုန်း (၃)သောင်း
(၄) ဦးစိုးဦး +ဒေါ်လွင်မိုး (၆)သောင်း
(၅) ကိုကျော်နိုင်+မမြတ်စန္ဒာ (၃)သောင်း
(၆) ကိုမင်းအောင်မိုး+ မယုယုခင (၃)သောင်း
(၇) ဦးသွင်စိန်+ဒေါ်အေးမြင့် (၁)သောင်း
(၈) ကိုဇော်ထွန်း+မအုန်းမြ ` (၁)သောင်း
(၉) ကိုမင်းလွင်ဦး+မအေးအေးမော် (၃)သောင်း
(၁၀) ကိုထွန်းဝင်း+မတင်တင်မိုး (၁)သောင်း
(၁၁) ကိုစန်းယု+မနွယ်နွယ်ဝေ (၂)သောင်း
(၁၂) ဆရာဦးငွေတိုး (၁)သောင်း
(၁၃) ကိုဝင်းတင်+မမိုးထက်မြင့် (၁)သောင်း
*** ပီတိဝေဖြာဂုဏ်ပြုကြပါ ***
လှန်းလာခဲ့ပါ ပြည်မြန်မာအောက်က
ကမ်းရိုးတန်းဟု ခေါ်တွင်ခဲ့သော
မာရိတ်မြို့ဟု အများသိတဲ့
ဘိတ်လို့ခေါ်တဲ့ မြိတ်ဒေသကို
ရောက်လာခဲ့ရင် သတိတရ
နိုင်ငံဂုဏ်ဆောင် ပညာရောင်မှာ
ထွန်းတောက်လာသော
ထ(၂)ဆိုတဲ့ ကျောင်းတော်ကြီးကို
အလည်တစ်ခေါက်
လာရောက်ပါလို့ ဖိတ်ခေါ်ပါတယ်
အာမာန်များနှင့် ကိုယ်ဥာဏ်စွမ်းထုတ်
အပတ်တကုတ် ကြိုးစားခဲ့သော
ကျောင်းသူကျောင်းသား ဂုဏ်ထူးဆောင်ကို
မြင့်တင်ရည်သန် စိတ်ကူးဥာဏ်ဖြင့်
အားပေးအားမြောက် ဂုဏ်ပြုလိုက်စို့----
မိတ်ပေါင်းရင်းခြာ သူငယ်ချင်းများနှင့်
မိဘများက ၀ိုင်းဝန်းဂုဏ်ပြုကြစို့လေ---
ကိုမျိုးသိမ်းထိုက် ( မြိတ်)
ကျောင်းသားဟောင်း